The Story Of First Love

821 90 3
                                    


" ကျနော့်ကိုဒယ်ဂူပြန်ခွင့်ပြုပါ "

မြို့တော်ဝန်ပီပီ စာရွက်ပုံကြားခေါင်းစိုက်ရင်း အဆက်မပျက်လာနေတဲ့ဖုန်းတွေကိုဖြေနေရတဲ့Mr.Jeonက သူ့စကားကိုမကြားဟန်

မကြားချင်ယောင်ဆောင်နေတယ်ဆိုရင်ပိုမှန်မှာပေါ့။

ဇွဲမလျော့တဲ့သူကလည်း ဒယ်ဂူပြန်ဖို့ကိစကိုပြောနေသည်မှာ ထယ်ယောင်းဆီကစာတွေမရတော့တဲ့အချိန်ကနေစပြီးဖြစ်သည်။

အကြောင်းအရာမယ်မယ်ရရမရှိဘဲ သူပေးတဲ့စာတွေကိုထယ်ယောင်းကလစ်လျှူရှု့လာတဲ့အပြင် ပြန်စာတောင်ရောက်မလာတော့ သူ့စိတ်တွေလေးပင်လာ၏

သူဒီလောက်မှာခဲ့ရက်နဲ့ အဆက်အသွယ်ဖြတ်ချင်နေပုံရတာကြောင့် သူ့ကိုဒီပုံစံလုပ်လို့မရကြောင်း အသိဝင်အောင်လုပ်ရတော့မဲ့ပုံဘဲ

" ဆက်ပြီးမကြားချင်ယောင်ဆောင်မနေနဲ့တော့..... Mr.Jeonဆီကခွင့်ပြုချက်မရရင်တောင် ကျနော်ကဒယ်ဂူကိုရအောင်ပြန်မှာ"

"ဘာလို့ဒီလိုမတိုးတက်သေးတဲ့မြို့ငယ်လေးကိုအသည်းအသန်ပြန်ချင်နေရတာလဲ ဂျောင်ကု ဧကန ကင်ထယ်ယောင်းကြောင့်လား "

" အင်းMr.jeon သိထားတဲ့အတိုင်းဘဲ ။ ဒယ်ဂူကိုရောက်အောင်ပြန်မှာမလို့ ကျနော်ခေါင်းမာတာကိုယုံလိုက်Mr.Jeon ဒါအသိပေးတာ "

သူနဲ့တစ်စိတ်တည်းလိုဖြစ်နေတဲ့ဂျွန်ဂျောင်ကုကို သဘောကျတယ်ဆိုပေမယ့် သူ့ထက်သာနေသောခေါင်းမာမှု့ကလက်မြှောက်စရာ

အာဏာမရှိ စည်းစိမ်မရှိရင် လောကထဲမှာ ကစားစရာအရုပ်ခုသာသာဘဲ ဂျွန် ။ အာဏာရဲ့သက်ရောက်မှု့ကဘလိုမျိုးလဲဆိုတာငါမင်းကိုပြပေးမယ်

" ရော့ ဒီစာကိုဂျောင်ကုရေးတဲ့အတိုင်းဖြစ်အောင်လုပ်ပြီး စာတိုက်ကိုအမြန်ဆုံးရောက်အောင်ပို့ခိုင်းလိုက် ။ လိပ်စာကတော့ ဂျွန်ပို့နေကြစာတိုက်ဆီကဘဲစုံစမ်းလိုက်ပါ "

သူကိုယ်တိုင်ရေးထားတဲ့စာရွက်လှလှလေးကိုဂျောင်ကုလက်ရေးအဖြစ်ပြောင်းလဲလိုက်ပြီး စေ့စပ်ပွဲတုံးက ပုံလေးတစ်ခုကိုပါလက်ဆောင်သဘောမျိုးနဲ့ထည့်ပေးလိုက်သည်။ ဒီလိုဆိုရင်ကောမင်းတို့ဆက်ဆံရေးကတည်မြဲနိုင်အုံးမလား ။

The story of first love ( Completed) Where stories live. Discover now