The Story of First Love

681 81 4
                                    


မပျက်မကွက်အမြဲပို့နေတဲ့သူ့စာတွေဟာဂျွန့်ဆီမရောက်လေသလား

အမြဲလိုလိုစာတွေပို့နေပေမယ့်တုန့်ပြန်ခြင်းမရှိတဲ့အခါသူ့စာတွေကပါတစ်ဖက်သက်ဆန်လာသည်။

ထိုအခြေအနေထိတိုင် သူ့ဟာမပြောင်းမလဲစာတွေပို့မြဲသာ

သူ့အ​ပေါ်တစ်ခါမှ​ဒေါ်သထွက်လေ့မရှိတဲ့အဖိုးက စာတွေနဲ့ပက်သက်လာတော့ထူးထူးဆန်းဆန်းပင်ဒေါသတကြီးဆူသည်။

သူကိုယ်တိုင်လည်းပင်ပန်းလာတာတစ်ကြောင်း အသက်ကြီးနေပြီဖြစ်တဲ့အဖိုးကိုသောကမပေးချင်တာကြောင့်ပါစာတွေရေးတဲ့အပေါ်လက်လျှော့လိုက်ရသည်။

ငြိမ်နေရင်လဲအတွေးတွေကမသက်ဆိုင်တဲ့နေရာဆီရောက်သွားတက်တာကြောင့် အဖိုးမပင်ပန်းရအောင်ပါအိမ်အလုပ်တွေသိမ်းကျုံးလုပ်နေရတယ်...အနည်းဆုံးတော့စာတွေအကြောင်းမတွေးဖြစ်တော့ဘူး...။

" အဖိုးအဲ့တာတွေချထားလိုက်တော့ ကျနော်လုပ်လိုက်မယ်"

တက်ကြွနေတာမျိုးမဟုတ်ဘဲ အလုပ်တွေရှာဖွေလုပ်နေသည့်အခါ ရှေးလူကြီးဖြစ်တဲ့အဖိုးကသဘောကျနေပုံ

စိတ်မြန်လက်မြန်ရှိတဲ့အဖိုးက အလုပ်နဲ့လက်နဲ့မပြတ်စေအောင်အမြဲတကုပ်ကုပ်လုပ်နေတက်ပြီး သူ့ကိုလဲအပျင်းကြီးနေရင်မကြိုက်ပါ ။

သူ့စကားအတိုင်းစတော်ဘယ်ရီစိုက်ခင်းထဲကထွက်လာတဲ့အဖိုးကို ငြိမ်နေဖို့မှာရင်း ပွယောင်းယောင်းအဝတ်တွေနဲ့ဦးထုပ်တစ်လုံးဆောင်းကာ စိုက်ခင်းထဲအသီခူးဖို့ဝင်လာခဲ့သည်။

ခပ်ရဲရဲစတော်ဘယ်ရီသီးတစ်ချို့ကိုဂရုတစိုက်ခူးရင်း အတွေးတွေက စတော်ဘယ်ရီသကြားလုံးသူ့ခေါင်းပေါ်ပြစ်ပေါက်တဲ့အချိန်ကိုရောက်လို့သွားချေပြီ

ဂျစ်ကန်ကန်ထိုလူဆိုးကောင်ကိုအဖိုးမသိအောင်ခိုးပြီးသူငယ်ချင်းလုပ်ရာကနေ အချစ်ဦးဖြစ်လာလိမ့်မယ်လို့သူမတွေးထားမိခဲ့ဘူး

အကျိုးအကြောင်းမသင့်ဘဲစတော်ဘယ်ရီတစ်လုံးတောင်သူ့ကိုဝမ်းနည်းစေသည်မှာအတော်ကိုလွန်နေပါပြီ။

The story of first love ( Completed) Where stories live. Discover now