The Story Of First Love

733 93 1
                                    


" အားရှ် ပျင်းဖို့ကောင်းလိုက်တာဘာလို့များပန်းသီးပြုတ်ကျတာကိုမစားဘဲ သီအိုရီတွေထုတ်ခဲ့ရတာလဲ "

" မင်းလိုကောင်မျိုးတွေကိုညှင်းပန်းချင်လို့လေ "

ပျင်းရိလွန်းလို့ညည်းညူနေတဲ့သူ့ကို စကားတစ်ခွန်းသာဆိုပြီး စာကိုတစ်စိုက်မက်မက်ပြန်လုပ်နေပုံက ကင်ထယ်ယောင်းပြီသချက်

စိတ်ဝင်စားစွာနဲ့ စာလုပ်နေသည့်အချိန်တိုင်းမှာ အသံတိတ်စာရွက်ဆိုတက်တဲ့ ခပ်စူစူနှုတ်ခမ်းလေးကသိပ်ကိုချစ်ဖို့ကောင်းနေတက်တာမျိုး

မြင်ရခဲတဲ့မျက်မှန်လေးအောက်က မျက်ဝန်းညိုတွေကတော့ သူ့စိတ်ကိုအမြဲထင်ယောင်ထင်မှာဖြစ်အောင်လုပ်ဆောင်လေ့ရှိသည်။

စာဖွဲ့မနေဘဲ ခပ်တိုတိုအကျဥ်းချုံးပြောရရင် သူ့သူငယ်ချင်းထယ်ယောင်း​ကသိပ်လှသည်။

" ငါ့မျက်နှာမှာစာကပ်ထားမိလို့လား အတွေးတွေလွင့်နေမယ့်အစား စာလုပ်သင့်တယ်ဘိတ်ချီးကောင်ရဲ့ "

" ညနေကျရင်ကိုယ်မင်းနဲ့အတူပြန်ချင်တယ်မျက်မှန်လေး "

" အတန်းမပြီးသေးတာကို ပြန်ဖို့တွေးနေတယ် စာမေးပွဲကျမှာမင်း"

ခေါင်းပေါ်ရောက်ချလာတဲ့ စာအုပ်ထူထူရဲ့ရိုက်သံက ကင်ထယ်ယောင်းရဲ့လက်ချက်ဖြစ်သည်။

တစ်ခြားသူတစ်ယောက်သာဆိုတစ်ခုခုဖြစ်ပြီးပြီဆိုပေမယ့် ကင်ထယ်ယောင်းမလို့ခပ်ပြူံးပြုံးဘဲ

" ငါစက်ဘီးစီးဖူးချင်လို့အတူတူပြန်ခိုင်းမယ်မလား "

" မင်းကဘလိုလူမျိုးမလို့စက်ဘီးမစီးဖူးရတာလဲ "

သူ့မေးခွန်းက စပ်ဖြဲဖြဲဂျောင်ကုမျက်နှာကိုခနတာတည်တံ့စေနိုင်ခဲ့သည်....ဒါပေမယ့်သူပြောသလိုခနလေးဘဲကြာလိုက်တာ မိနစ်ပိုင်းအတွင်းကိုပြန်ပြီးပြောင်ချော်ချော်ဖြစ်လာတယ်

" ဂျွန်ဂျောင်ကုမလို့လေ။ ဘလိုလည်းကိုယ့်ကိုလိုက်ခိုင်းမှာလား "

ဆရာမရှိတာကိုအခွင့်ကောင်းယူပြီးသူ့ကိုအမျိုးမျိုးနှောက်ယှက်နေတာ

The story of first love ( Completed) Where stories live. Discover now