The story of first Love

923 101 1
                                    


ကလေးတစ်ယောက်လို ကာကွယ်ပေးတာမျိုးကိုမှလိုချင်ခဲ့တဲ့သူနဲ့လူဆိုးကောင်ရဲ့ကြားမှာသူငယ်ချင်းဆိုတဲ့အဖြူရောင်ကြိုးငယ်လေးကတစ်ဖြည်းဖြည်းအသက်ဝင်လာခဲ့သည်။

အဲ့နေ့ကလူဆိုးကောင်Jeonကြောင့်အိမ်ပြန်နောက်ကျလို့အဖိုးဆူခံထိပေမယ့်သူကတော့ခပ်ပြုံးပြုံးရယ် ။

ပထမဆုံးသူငယ်ချင်းဆီကရရှိလာတဲ့ပထမဆုံးကာကွယ်ပေးမှု့ကြောင့် ဂန်ယူတို့ရဲ့ပညာရေးကိုအညွှန့်ချိုးလိုက်သလိုဖြစ်သွားရတယ် လူဆိုးကောင်ဒီလောက်ထိလုပ်လိမ့်မယ်လို့သူထင်မထားခဲ့တာ။

သူ့ကိုအနိုင်ကျင့်နေကြလူဆိုးတွေဆိုပေမယ့် ကျောင်းပါနားလိုက်ရတဲ့အဆင့်ရောက်သွားတာမလို့သူ့စိတ်ထဲတော့သိပ်မကောင်း

စိတ်ထဲအဖုအထစ်လေးရှိနေရင်မနေသာတော့ လူဆိုးကောင်ကိုဆုံးမရာကနေရန်ပွဲအသေးစားလေးပါဖြစ်သွားရ၏

အကြာကြီးစိတ်ဆိုးဖို့ပလန်တွေချထားသော်လဲ ခပ်ဂျစ်ဂျစ်သူငယ်ချင်းလေးက စိတ်ရှည်ရှည်နဲ့အကြာကြီးချော့လာတာမလို့သူမှာစိတ်မဆိုးရက်တော့

ကလေးဆန်ဆန်ကတိလေးတစ်ခုဆိုပေမယ့်
ပထမဆုံးသူငယ်ချင်းလေးမလို့သူသိပ်ခင်တွယ်ရပါသည်။

" လူဆိုးကောင်Jeonက မရောက်သေးတာလား "

ထိုကောင်ထိုင်နေကြသူ့ဘေးနားကခုံလေးလွတ်နေတဲ့အခါသူ့ရင်ထဲလည်းဟာတာတာဖြစ်လို့နေသည်။

နေမကောင်းဘူးလားဆိုတဲ့အသိဝင်လာတဲ့အခါ ပူပန်သွားတဲ့သူ့စိတ်အခြေအနေကဖုံးမရဖိမရလောက်အောင်

ကျစ်! ...ကင်ထယ်​​​ယောင်းကတုံးလိုက်တာ ကို့သူငယ်ချင်းအိမ်တောင်မေးမထားဘူး ။

ရွှီး~~

" မျက်မှန်လေး လွယ်အိတ်ယူပြီးကိုယ့်ဆီအမြန်လာခဲ့"

နားယဥ်နေပြီဖြစ်တဲ့လေချွန်သံနဲ့အတူ ခပ်တိုးတိုးလေသံကစာသင်ခန်းအနောက်တံခါးဆီကနေခိုးကြောင်ခိုးဝှက်ထွက်ပေါ်လာသည်။

သူများနားကြားမှားနေသလားလို့သေချာအောင်လှည့်ကြည့်တော့ လူဆိုးကောင်ကနေ သူခိုးကောင်အဖြစ်ပြောင်းသွားတဲ့ဂျွန်ဂျောင်ကုက သူခိုးချောင်းချောင်းနေတာ

The story of first love ( Completed) Where stories live. Discover now