Final

1.5K 115 16
                                    


" ထပ်ပြီးဒီစာအုပ်ကိုဘဲကိုင်နေပြန်ပြီလား "

ဟောင်းနွမ်းနေတဲ့အညိုရောင်စာအုပ်ကလေးက သက်တမ်းတစ်ခုကိုရောက်လို့နေတာမလို့ အဖြူရောင်စာရွက်လေးတွေကလည်းအဝါရောင်စာရွက်ဟောင်းလေးတွေအဖြစ်သို့ပြောင်းချေပြီ

မည်မျှပင်အိုဟောင်းနေပါစေ မပြောင်းမလဲတဲ့သူတို့ရဲ့အတိတ်ပုံပြင်လေးကထိုစာရွက်တွေထဲအသက်ဝင်ဆဲ ။

သတိရတိုင်း ။ ထိုစာအုပ်လေးကိုတွေ့တိုင်းပြန်ဖတ်တက်တဲ့သူ့ကြောင့် ဂျွန်ဂျောင်ကုကလည်းတွေ့တိုင်းဆူပူတက်ပါသည်။

အခုတော့ဝါကျင်ကျင်စာရွက်ပေါ်က စာလုံးမှုံမှုံဝါးဝါးလေးတွေကို ပါဝါတိုးထားတာမကြာသေးတဲ့မျက်မှန်နဲ့ဖတ်သည့်အခါ ခေါင်းတွေပါမူးနောက်ကျန်ခဲ့ရသည်။

ဂျောင်ကုကလည်းသူ့အကျင့်ကိုသိတာကြောင့် ထိုစာအုပ်အဟောင်းလေးကို သူမမြင်အောင်ပြန်ဖွက်ထားရင်း အရင်လိုမသန်မာတော့တဲ့လက်တစ်စုံနဲ့သူ့ကိုနှိပ်နယ်ပေး၏

" ဘာလို့ဒီစာအုပ်ကိုဘဲထပ်တလဲလဲဖတ်နေရတာလဲထယ် ။ ပျော်စရာလဲမကောင်းဘဲ ငါတို့မြေးမလေးကိုတောင်ပုံပြင်လိုပြောပြလို့ငိုသွားသေးတယ်မလား

" ငါတော့အဲ့လိုမထင်ပါဘူးဂျွန်။ မင်းနဲ့အတူရှိခဲ့တဲ့အချိန်တိုင်းကငါ့အတွက်ပျော်ရွှင်စရာပါဘဲ "

အသက်အရွယ်တစ်ခုကိုရောက်သွားသည့်တိုင် ။ အရင်လိုငယ်ရွယ်မှု့တွေမရှိတော့သည့်တိုင် အရေပြားတစ်ချို့တွန့်ကာအိုမင်းလာပေမယ့်လည်းမျက်ဝန်းထဲမှာတည်ရှိနေတဲ့အချစ်ရိပ်တွေဟာပြောင်းလဲခြင်းမရှိ

ငယ်ဘဝရဲ့ပုံရိပ်တွေဟာဆုံဆည်းဖို့သိပ်ကိုခတ်ခဲတယ် ။ သတ်မှတ်ပေးတဲ့ကံကြမာကိုယ်တိုင်ဟာလွဲမှားနေတဲ့အခါ နှစ်ဦးစလုံးမှာနာကျင်စရာတွေအပြည့်

အချစ်ဦးနဲ့ညားဖို့သိပ်ခတ်ခဲတယ်ဆိုတဲ့စကားကိုသူ့ဒိုင်ယာရီစာရွက်ဟောင်းတွေကသက်သေပါပဲလေ။

" ကိုယ်နဲ့အတူလမ်းလျှောက်ထွက်မလားမျက်မှန်လေး "

" ငါ့ကိုတွန်းနှိင်လို့လား ဂျွန်ဂျောင်ကုရဲ့ မင်းနေမကောင်းဖြစ်ထားတာအားမရှိဘဲနေမှာပေါ့ ငါ့အကူကလည်းခွင့်ယူထားတယ်မလား "

The story of first love ( Completed) Where stories live. Discover now