မောင် - 🌻

66 7 2
                                    

မောင် - 🌻








မောင်က ပြောတယ်
သူ့ကို မချစ်တော့ဘူးလား တဲ့

ကျွန်မ မောင့်ကို မချစ်တော့ဘူး ဆိုတာထက်
မချစ်နိုင်တော့တာပါလို့ ပြောတော့ မောင်က ပြောတယ်

အရမ်းနေနိုင်တာပဲ တဲ့ လေ , သူ့အပေါ်အရမ်းရက်စက်တာပဲတဲ့

အခုတော့ ကျွန်မက မောင့်အပေါ် ရက်စက်တဲ့ မိန်းမကြီးပေါ့...



ကျွန်မ ဘာမှ ပြန်မပြောခဲ့ပါဘူး စိတ်ထဲက
မပါတဲ့ အပြုံးလေးတစ်ခုပဲ ပြုံးပြလိုက်တယ်
ဒါကို‌ မောင်က '‌ မောင့်ကို  မခနဲ့ပါနဲ့ တဲ့ '

ကျွန်မ မောင့်ကို မခနဲ့ပါဘူး ဆိုတော့
' မ အရမ်း ပြောင်းလဲ သွားတယ် တဲ့ '

အဲ့တာ မောင့်ကြောင့်ပဲလေ လို့ ပြောတော့ မောင်က ရီပြီး ပြန်ပြောတယ်
' မောင့်ကြောင့် မဟုတ်ပါဘူး မ ရဲ့ စိတ်ကြောင့် မ ကိုယ်တိုင်ကြောင့်ပါ တဲ့ '

' မ ကိုယ်တိုင်ကြောင့်တဲ့ လား ' ကျွန်မ ဘာမှ အပို မဆိုဘဲ ထိုနေရာကနေ ထွက်လာခဲ့တယ် မောင့်ကို တစ်ချက် ပြန်မလှည့် ကြည့်ဘဲနဲ့ပေါ့

ဟုတ်တယ် ကျွန်မ ပြောင်းလဲ သွားခဲ့တယ်
မောင် ဆိုတဲ့ လူသားကြောင့်လေ

ကျွန်မနဲ့ တွဲနေစဉ်မှာ မောင် တွဲခဲ့တဲ့ ကောင်‌မလေးတွေ လက်ချိုးလို့ မရေနိုင်..။

ကျွန်မက မလုပ်ဖို့ ပြောပြန်တော့လဲ မောင်က
' အပျော်ပါတဲ့ မ ကိုပဲ အတည်ချစ်တာမို့ အချိန်တန်ရင် ဒီဘူတာပဲ ဆိုက်မှာပါတဲ့လေ '

ကျွန်မက သဘောမကျလို့ ပြန်ပြောတော့ စကားတွေများကြတယ်
ပြတ်သွားလိုက် , ပြန်ဆက်လိုက်နဲ့ သုံးနှစ်ကြာတဲ့ relationship တစ်ခု
အဲ့ဒီ့ အချိန်တွေကလဲ ကျွန်မဘက်က ခခယယပါပဲ..

ကျွန်မ ပင်ပန်းနေပြီလေ ဆက်ပြီးဆုပ်ကိုင်
မထားနိုင်တော့ဘူး...
လွှတ်ချလိုက်ချင်ပြီ
ဒီတစ်ခါစကားများပြီး ကျွန်မက ပြန်မချော့တော့ မောင်က မကျေနပ်လို့လာပြောသည်တဲ့

' မောင် ကျွန်မ အရမ်းပင်ပန်းနေပြီ ' ဆိုတော့
မောင်က ရယ်ပဲ ရယ်နေခဲ့တယ်
သူ့ကို မချစ်တော့ဘူးလား ဆိုတာနဲ့ပဲ ‌ကိုင်ပေါက်နေတော့တာပါပဲ...
ကျွန်မ မောင့်ကို ချစ်တာပေါ့ ဒါပေမယ့်
ကျွန်မ ပင်ပန်းနေပြီလေ...

အခုတော့ ကျွန်မ အေးအေးချမ်းချမ်းပါပဲ
မောင့် သတင်းလဲ အမြဲ ကြားပါတယ်
မောင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်သွားပြီ ဆိုတာရောပေါ့...
6 နှစ်တောင် ကြာသွားပြီကိုး...

မောင် ပျော်ရွှင်တဲ့ မိသားစုလေး ပိုင်ဆိုင်ဖို့ပဲ မျှော်လင့်တာပါ..

ကျွန်မကတော့ ခြံလေးထဲမှာအပင်လေးတွေစိုက် ခွေးလေးတွေ မွေး , ကျွန်မ လိုချင်ခဲ့တဲ့ ,
မက်ခဲ့ရတဲ့ အိပ်မက်ပါပဲ
တစ်ခုပဲ အရင်က ကျွန်မအိပ်မက်ထဲက တစ်ခုဖြစ်တဲ့
မောင် အနားမှာ မရှိတာတစ်ခုပါပဲ...




Ah-ji amo 🌻


#To my favourite person 🌻

17/9/2022(6:41PM)🌻💛













To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆWhere stories live. Discover now