သဘောကျမိခြင်းက သိပ်သည်းနက်နဲစွာ💙

31 4 0
                                    


ချစ်ခြင်းမေတ္တာတွေဟာ ကန့်သတ်ထားရတာ တကယ် အဆင်မပြေဘူးမဟုတ်လား 🤍🌻

မသိမသာလေး ဝင်ရောက်လာတဲ့ ခင်ဗျားကို သဘောကျမိတဲ့ စိတ်‌ကလေး ၊💙

ဘာရယ်မဟုတ်ဘဲ ဒီနေ့ တစ်နေ့လုံး ခင်ဗျားအကြောင်းပဲ စဉ်းစားမိ ၊တွေးမိနေတဲ့
စိတ်ကလေး ၊💜

ဒီအချိန်လောက်ဆိုရင်တော့ ဘာလုပ်နေမလဲ
ဒီအချိန်လောက်ဆိုရင်တော့ သူလိုင်းတက်လာမှာပါလေ ဆိုတဲ့ စိတ်ကလေး ၊🧡

သူလိုင်းတက်ချိန်များ message လေး ပို့ရင် ကိုယ်ဆင်းတဲ့အချိန်နဲ့တိုးပြီး စကားမပြောလိုက်ရရင်
ဆိုတဲ့ စိုးရိမ် စိတ်ကလေး ၊❤️

မနေ့က ဒီအချိန် သူ့ acc လေး မီးစိမ်းလာရဲ့သားနဲ့ ဒီနေ့ ဘာ့ကြောင့် စိမ်းမလာရသည်နည်း ဆိုတဲ့ အတွေး စိတ်ကလေး ၊🤎

တခြားသူတွေလို စကားတွေ အများကြီး မပြောရပါဘဲနဲ့ သူ့မျက်ဝန်းလေးနဲ့ သူ့အပြုံးအရယ်လေးတွေကြောင့် သူ့စိတ်ကို နားလည်ခဲ့သလိုလို ၊💙

အရမ်းကြီး လုပ်ယူနေစရာ မလိုပဲ ရိုးရိုးရှင်းရှင်းလေး တစ်ဖြည်းဖြည်းချင်း တို့နှစ်ယောက် နီးစပ်နေကြတာပဲ -💛

စကားပြောရင်းနဲ့ Reply လေးများ ကြာရင် -
‘ အာ ~~ သိပ့်ကြာတာပဲကွာ ’ ဆိုပြီး ဆိုးလိုက်ချင်ပေမယ့် တို့နှစ်ယောက် တရားဝင် မဟုတ်ကြသေးဘူးမလား ၊💜

တို့နှစ်ယောက် တရားဝင် မဟုတ်ကြသေးတာတောင် ဒီလောက်စိတ်ချင်း နီးစပ်နေတာ -🧡

ခင်ဗျားအပေါ်မှာ အများကြီးမျှော်လင့်မိသလို
သိပ့်ပြီးတော့လည်း သဘောကျမိပါရဲ့ ။🖤

Ahjiamo95 🖤🌻

6/12/2022(10;06PM)🌻
#December2022
🌻🖤



To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆWhere stories live. Discover now