အချိန်တွေ တအားမြန်တယ် 💌

18 1 0
                                    



ပစ္စည်းတွေ ပြန်ရှင်းတယ် ၊ ကျွန်မတို့ အိမ်ထပ်ပြောင်းကြရမယ်လေ 

အားလုံး ပြန်စုထည့် ၊မလိုတာတွေ လွှင့်ပစ်ရမှာပေါ့
အမှတ်တမဲ့နဲ့ မို့ ကျွန်မလဲ လန့်သွားခဲ့တယ်
ဒီဓာတ်ပုံလေးက
‘ ဪ...နှစ်တွေ ပြောင်းသွားတာ အရမ်းမြန်တာပဲ ’

မေ့မေ့ပျောက်ပျောက်နေခဲ့မိတဲ့ အဲ့ဒီ့ အတိတ်..

အခုမှ ပြန်စဉ်းစားတွေးတောရင်း ဒီခံစားချက်ကတော့ အမြဲ ရင်ခုန်ရတာပဲလေ

ကျွန်မ အများကြီး ရူးသွပ်ခဲ့မိတာပဲ ၊အခုနေဘာလို့လုပ်ခဲ့မိပါလိမ့်လို့ ပြန်တွေးမိလဲ
ဒီခံစားချက် ၊ဒီစိတ်ကတော့ နောင်တတော့ မရဘူး

အချစ်ဦး.....
တချိန်က သဘောကျ ၊နှစ်သက် ၊ရင်ခုန်ခဲ့ရတာများ ၊
အင်းပေါ့ လေ‌တိုက်လို့ သစ်ရွက်လေးတွေ လှုပ်တာမြင်ရင်တောင် ရင်ခုန်တတ်တဲ့ဆယ်ကျော်သက် အရွယ်မလား

အခုတော့ သိမ်းထားမိတဲ့ ဓာတ်ပုံလေး ၊ သူ့ရဲ့ချစ်ခြင်းဝန်ခံထားတဲ့ စာစောင်လေးတွေ ပြန်ကြည့်၊ ပြန်ဖတ်ရင်း တစ်မျိုးတစ်မည်လေးတော့
ရင်ထဲမှာ ကျန်နေခဲ့တာပါပဲ

ဘာပဲဖြစ်ဖြစ် လွမ်းမိသွားတာကိုတော့ ဝန်ခံပါတယ်

အချိန်တွေ တအားမြန်တယ်....




Ah-jiamo 🌻🖤
အဂျီအမို 🌻🧡
13/9/2023(7:11AM)


To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆTempat cerita menjadi hidup. Temukan sekarang