ပြောပြချင်တယ် အချစ်‌ရယ် 🍃🌻

17 5 0
                                    


ဆောင်းတွင်းလေပြေလေးက ညင်ညင်သာသာလေး တိုးဝှေ့နေတော့ ဝတ်ထားတဲ့ အနွေးထည်လေးကတောင် မနွေးနိုင်တော့ ချမ်းစိမ့်စိမ့်လေး ဖြစ်လာသည် ။

တော်သေးတာပေါ့ မာဖလာလေးနဲ့ လက်အိတ်လေးကြောင့် အေးစိမ့်မှု့ကို အကြာကြီး မခံစားလိုက်ရဘူး ။
ဒါအတွက်တော့ သူ့ကို ကျေးဇူးတင်ရမယ် ။
ကျွန်မအတွက်ဆိုပြီး ချည်ပါထိုးထားပေးတာ ၊

အဲ့ဒီ့အမျိုးသားလေးက မလုပ်တတ်တာမရှိ ၊
ဟင်းချက်တတ်တယ် ၊သစ်ပင်စိုက်တတ်တယ် ၊ဂရုစိုက်တတ်သေးတယ် ၊ကြင်နာတတ်တာလဲ လွန်ရော ၊ပြီးတော့ သူ ကျွန်မကိုလဲ သိပ့်ချစ်ရှာတာ

ကျွန်မ စိတ်ပင်ပန်းပြီး ရစ်တဲ့အချိန်များဆို သည်းခံပေးရှာတာလေ အပြစ်မမြင်နိုင်ဘူး ၊
ဟုတ်ပါတယ် ကျွန်မက သိပ်ဆိုးတယ်လေ သူ့အပေါ်မှာ အများကြီးအနိုင်ယူမိတယ် ဒါလဲ သူအပြုံးမပျက်ဘူး

ချစ်တယ် 🌻 ကျွန်မရှင့်ကို သိပ့်ချစ်တယ် 🤎
အရင်ကများဆိုရင် အချစ်ရယ် ကိုယ့်ကို ချစ်ရဲ့လားလို့ ခဏခဏမေးရှာတယ် ဒါပေမယ့်
ကျွန်မသူ့အပေါ်ဆိုးချင်တာကြောင့် ချစ်ပါတယ်လို့ ချက်ချင်း မဖြေခဲ့မိဘူး ၊
အဲ့ဒီ့အမျိုးသားလေးရဲ့ ‘အချစ်ကကွာ’ ဆိုပြီး အစချီတဲ့ စကားလေးတွေကို ကြားချင်တာကြောင့်လဲ ပါတာပေါ့လေ

အခုတော့ သူမကြားနိုင်တော့လည်းပဲ ကျွန်မ ခဏခဏပြောနေမိတယ်
ကျွန်မရှင့်ကို သိပ့်ချစ်တယ် 🤎အများကြီး ချစ်ရပါသတဲ့ရှင် 🌻🤎

အက်ကွဲသံလေးနဲ့ပေါ့ - 💔

#ahjiamo95

#december21st2022 (10:25AM)🤎🌻

To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆTahanan ng mga kuwento. Tumuklas ngayon