မြတ်နိုးရတဲ့ မျက်ဝန်းငယ် 🧡

24 4 0
                                    


‘ ဘာပဲပြောပြော ရီပဲရီနေတယ် ’

‘ ဟမ် မဟုတ်ပါဘူး ဒါဆို ငိုပြရမှာလား ’

‘ မနောက်နဲ့ မနောက်နဲ့!! ’

‘ စတာပါ ကျွန်တော် ရယ်ပြ ၊ပြုံးပြနေတော့ အဆင်‌မပြေဘူးလား ’

‘ ဟင့်အင်း ၊ပြေတာပေါ့ ’

နှစ်ယောက်လုံး သဘောကျစွာ ထပ်ပြီး ပြုံးလိုက်ကြရင်း ငြိမ်သွားပြီးမှ -

‘ လှတယ် ’

‘ ဟင် ဘာကို - ’

‘ လှတယ်လို့ မင်းက ’

‘ ဟုတ်လား ’

‘ အင်း ဟုတ်တယ် ’

‘ ကျေးဇူးပါရှင် ’

ထပ်ပြီး ပြုံးပြတော့ သူ့ရဲ့ ပါးချိုင့်ရေးရေးလေး ပေါ်‌လာသေးတယ် ။ကျွန်မကြည့်လိုက်တော့ သူ့မျက်နှာက နီနေရော ၊ရှက်နေတာလား ။သူကြိုးစားပြီး ပြောနေပုံပဲ
ပြီးတော့ သက်ပြင်းချပြီး သူထပ်ပြောတယ် ဘာတဲ့ -

‘ ရယ်လိုက်တာပဲ ဖြစ်ဖြစ် မရယ်ပဲ ဒီအတိုင်းလေး ကြည့်နေရင်တောင် မင်းမျက်ဝန်းလေးက သိပ့်လှတယ် ၊မျက်ခုံးထူထူလေးရယ် ၊မျက်တောင်ရှည်တွေရယ် ၊အဲ့ဒီမျက်ရစ်လေးနဲ့ အထဲက မျက်ဆံနက်လေးတွေ ကျွန်တော် သဘောကျပြီး သိပ့်ပြီးတော့ မြတ်နိုးမိတယ် ’

စကားသိပ့်မပြောတဲ့ ဒီအမျိုးသားက အခုတော့လည်း လူကို သေချာကြည့်ပြီးပြောနေလေရဲ့ ။*မင်းက သိပ့်လှတယ်* ဆိုတဲ့ စကားလေး ကြားရ‌ဖို့တောင် အချိန်တွေ
အကြာကြီး စောင့်ခဲ့ရတာ ၊ဒီအမျိုးသားက
သိပ့်ရှက်တတ်တာကိုး ။အရမ်းပြောချင်နေရင်တောင် မပြောဘဲ မျိုသိပ့်ထားတတ်တဲ့သူမျိုး ၊အခုတော့ ပြောနေလိုက်တာ တခြားသူတစ်ယောက်လို ။

‘ အာ ကျေးဇူးပါရှင် ဘာ့ကြောင့် ပြောနေ ရတာလဲ ’

‘ ကိုယ် သဘောကျတဲ့အကြောင်းပါ ’

‘ ဒါဆိုရင် ကျွန်မကို ပြောချင်တဲ့ သဘောထားက ’

‘ ပြောရရင် ကိုယ်မင်းကို သဘောကျကြောင်း ၊မေတ္တာရှိကြောင်း ဝန်ခံနေတာပါ ’

ကျွန်မက ပြုံးတော့ သူ့ မျက်ခုံးတွေ အပေါ်ပင့်တက်သွားပြီး မျက်ဝန်းလေးတွေကျယ်လာကာ

‘ ကိုယ့်ကို စိတ်မဆိုးပါနဲ့ ကိုယ် မင်းကို တကယ် မေတ္တာရှိပြီး ၊မြတ်နိုးတာပါ ’

‘ အင်းး ’
အသံရှည်လေးဆွဲပြီး ပြန်ဖြေတော့ ထိုအမျိုးသားက စိတ်မရှည်တော့ဘူး ထင်ပါတယ် ။

‘ ကိုယ့်ကို စိတ်ဆိုးနေလား ’

‘ ဟင့်အင်း စိတ်မဆိုးပါဘူး ’

‘ တော်ပါသေးရဲ့ ကိုယ်စိတ်ပူသွားတာပဲ ’

‘ .... ’

‘ ဒါဆို ကိုယ့်အတွက် အဖြေက ’

‘ ကျွန်မကို စဉ်းစားဖို့ အချိန်ပေးပါအုံးလား’

‘ ကိုယ်စောင့်နိုင်ပါတယ် အချိန်ဘယ်လောက်ဖြစ်ဖြစ် ဒါပေမယ့် - ’

‘ ဒါပေမယ့် ဘာဖြစ်လဲ ’

‘ ကိုယ် မင်းအပေါ် ချစ်တဲ့အချစ်တွေက တစ်နေ့ထက်တစ်နေ့ တိုးလာတော့ သိမ်းဆည်းထားရတာ များလာပြီ ’

‘ အဲ့ဒီ့တော့ ’

‘ ကိုယ့်ကို အခုပဲ မဖြေပေးပါလားဟင်
သိပ့်ချစ်မိနေလို့ပါ ’

‘ သိပ့်ပြီးတော့ စကားတတ်တာပဲ ’

‘ ချစ်မိသွားတာကိုး ဒါဆို ကိုယ့်အတွက်
အဖြေက- ’

‘ ကျွန်မလဲ ရှင့်ကို ချစ်ပါသတဲ့ရှင် ’

အဲ့ဒီ့အမျိုးသားလေးက သိပ့်ပျော်သွားရှာတာ ၊ကျွန်မရော မျှော်လင့်ခဲ့ရတဲ့ အခိုက်အတန့်လေးပဲလေ ။

‘အသက်ထက်ဆုံး မခွဲချင်ဘူး ၊ဒီတစ်ယောက်ထဲကိုပဲ ချစ်ချင်တယ် ’

‘ မောင်လဲ မေ့လိုပါပဲ သိပ့်ချစ်တယ် ’

ခင်မင်လာခဲ့ပြီး ငါးနှစ် မြောက်မှာ ထိုအမျိုးသားက အချစ်တွေ ဖွင့်ဟ ဝန်ခံလာတယ် ။တစ်ယောက်နဲ့တစ်ယောက် အချိန်ယူပြီး လေ့လာခဲ့ကြတာ အချိန်တွေ ဒီလောက်ကြာမှန်းမသိ ကြာခဲ့တာပဲ ။

တကယ်တော့ ချစ်ခြင်းမေတ္တာတွေက ဖွင့်ဟဝန်ခံဖို့ပဲ လိုတာပါ ၊သိပ့်ပြီးတော့ ပျော်ရွှင်ကြည်နူးဖို့ကောင်းတယ် မလား ။




Ahjiamo 🌻💛
Amo95 🌻🍃
12/12/2022( 9:04PM )







To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆWhere stories live. Discover now