ချစ်ခြင်းများသာ ထပ်တူကျခဲ့ရင် 🌻

10 2 0
                                    


လက်နှစ်ဖက်ကို ဆော့ကစားနေပြီး ဂနာမငြိမ်ဖြစ်နေတဲ့ ကျွန်မရှေ့က ဒီအမျိုးသားက တစ်ခုခုဆိုရင် တွန့်ဆုတ်ဆုတ်နဲ့ပါ

‘ ကျွန်တော်နွယ့်ကို ပြောစရာရှိလို့ ခဏလောက် တွေ့ကြမလား ’ ဆိုပြီး ချိန်းထားခဲ့တာ
ဒီအမျိုးသား ၊အခုတော့
ကျွန်‌မရှေ့မှာရပ်ပြီး ဂနာမငြိမ်ဖြစ်နေတာ နာရီဝက်လောက် ရှိရော့မယ်ပေါ့

‘ ကိုမင်းမောင် ကျွန်မကို ပြောစရာရှ်ိတယ်
ဆိုတာက ’

‘ ဟို နွယ် - ကျွန်တော်လေ ’

ကြည့်စမ်းပါအုံး ဇောချွေးတွေပြန်ပြီး လက်နှစ်ဖက် အချင်းချင်း ပွတ်သပ်နေပြီး ပါးစပ်တပြင်ပြင်နဲ့ ၊ချစ်တယ် ဆိုတဲ့စကားက လူတစ်ယောက်အတွက် အဲ့ဒီ့လောက်တောင် ပြောရခက်စေတဲ့ စကားလား ၊

‘ ကိုမင်းမောင် ပြောစရာမရှိရင် နွယ့်ကို
ခွင့်ပြပါအုံး နွယ် အိမ်ကထွက်လာတာလဲ နဲနဲကြာပြီဆိုတော့ ’

ပြောကာ လှည့်ပြန်မယ်လုပ်တော့မှ

‘ ဟိုလေ နွယ် သိရဲ့လား ’

‘ ကျွန်မက ဘာကို သိရမှာလဲ ကိုမင်းမောင်
ပြီးတော့ ဘာကိုသိစေချင်တာလဲ ’

‘ ဟို ကျွန်တော့်ရဲ့ ခံစားချက်တွေကိုပါ ’

‘ ကိုမင်းမောင် မပြောပြပဲနဲ့ ကိုမင်းမောင်ရဲ့ ခံစားချက်ကို ကျွန်မကဘယ်လိုဖြစ်ပြီး သိမှာလဲ ’

‘ ဟို - ကျွန်တော် နွယ့်ကို ချစ်တယ် ’

‘ ... ’

‘ ဟို နွယ် ဘာလို့ ပြုံးနေတာလဲ ၊ နွယ်
ကျွန်တော့်ကို စိတ်မဆိုးဘူးလား ဟင် ’

‘ ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ ’

‘ ဒါဆို နွယ် ကျွန်တော့်ကို ဘယ်လိုသဘောထားတယ်ဆိုတာလေး သိလို့ရမလားဟင် ’

‘ ကျွန်မက ရှင် ဒီတစ်သက် ပြောမှ ပြောပါ့မလားလို့ တွေးနေတာ ’

‘ ဟုတ် - ဗျာ! ဒါဆို နွယ် ကျွန်တော့်ကို ’

‘ နွယ်လဲ ကိုမင်းမောင်ကို ချစ်တယ် ’

ဒီတော့မှ မျက်နှာလေး ပြုံးရွှင်လာကာ ကျွန်မလက်ကို မရဲတရဲလေး လာကိုင်တဲ့ အမျိုးသားရယ်ပါ ၊ပြောတာက

‘ ကျွန်တော် ဘဝတစ်လျှောက်လုံး အမြဲဆုပ်ကိုင်ထားချင်တဲ့ လက်တစ်စုံပါတဲ့လေ ’

‘ အမြဲတမ်း သက်ဆုံးတိုင် ဒီလက်ကိုပဲ ဆုပ်ကိုင်ထားပေးပါ ’

ချစ်ခြင်းများဟာ ထပ်တူကျရင် အမြဲတမ်း ပျော်ရွှင်စရာပဲ ဖြစ်မှာပါ -🤍🌻🎄☃️
ဖွင့်ဟဝန်ခံဖို့ပဲလိုတာပါ 🤍🌻

အဂျီအမို🖤🌻

#ahjiamo95


To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆWaar verhalen tot leven komen. Ontdek het nu