မောင်သည်သာ...✨💭🖤

35 1 0
                                    

မောင့် ရဲ့ အပြုံးလေးတွေက အချိန်တွေကြာသွားတာတောင် ပြောင်းလဲသွားတာမျိုး
မရှိဘူး

ပြုံးလိုက်ရင်များ မျက်ဝန်းကျယ်လေးတွေက ပိုဝိုင်းစက်လာပြီး
ပါးလေးတွေကလည်း မို့တက်လာတယ်လေ

တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ် ... ဆယ်နှစ်
ဆယ်စုနှစ် တစ်ခု အကြာမှာတောင်
မောင်ဟာ ပြောင်းလဲ သွားတာမျိုး မရှိ ၊

ကျွန်မကတော့ မောင့်ကို ပိုချစ်လာတယ်
ပိုမြတ်နိုးပြီး အဆုံးရှုံး မခံနိုင်လောက်တဲ့အထိမောင့်ကို ချစ်တယ်

မောင်ဟာ ကျွန်မ လက်လှမ်းမမီနိုင်တဲ့
ကြယ်တစ်ပွင့်လေး ဖြစ်နေပါစေအုံးတော့
ကျွန်မဟာ မောင့်ကို မြတ်မြတ်နိုးနိုးနဲ့ ရူးသွပ်နေမိအုံးမှာပါပဲ

ကျွန်မအတွက်တော့ မောင်သည်သာ
ဦးညွတ်ရာပါ ....

မောင် ဆိုတဲ့ နာမ်စားလေးကို ကျွန်မ သဘောကျတယ် ပိုပြီး နက်ရှိုင်းတယ်လို့ ခံစားရလို့ သို့သော် ...
မောင်ဟာ ကျွန်မထက် 4 နှစ်ကြီးတဲ့ အမျိုးသားတစ်ယောက် 🌻✨💙



Ahjiamo 💭🌻
အဂျီအမို ✨🦋💭
7/6/2023(23:47) ✨🖤

From ARMY 💜
To BTS 🌻✨💭💜









To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆWhere stories live. Discover now