အချစ်ဦးတဲ့လား 💔

27 4 0
                                    




‘ ကိုကို ငါတို့ လမ်းခွဲကြစို့ဟာ ’

ကျွန်မ ထိုသို့ပြောတော့ မျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး လက်‌ကလေးကို လာကိုင်ကာ

‘ ဟမ် ဘာဖြစ်လို့လဲ အချစ်ရဲ့ ကိုကို ဘာအမှားလုပ်ထားမိလို့လဲ ဟင် ’

‘ ကိုကို ငါ့ကိုတကယ်မချစ်တဲ့လူနဲ့ ငါဆက်ပြီး မတွဲနိုင်တော့ဘူး ’

‘ ဘယ်အရာကများ မချစ်ဘူးလို့ထင်စေမိတာလဲ အချစ်ရယ် ကိုကို ခလေးကို တကယ် ချစ်တာပါ ’

ဒီလူ ညာနေတာ ၊တကယ်ကို ပိပိရိရိနဲ့ ညာနေတာ ။နေ့လည်ကပဲ သူ့ကို ရုပ်ရှင်ရုံမှာ ကောင်မလေး တစ်ယောက်နဲ့ တွဲပြီး တွေ့ခဲ့တာကိုလေ ။
အခုကြည့် ဘာမှမဖြစ်ထားသလိုနဲ့ ၊
ကျွန်မ သက်ပြင်းရှည်လေးချမိတော့ ကိုကိုက ငါ့မျက်နှာလေးကို အသာလာကိုင်ကာ

‘ ကလေး ကိုကိုဘာမှားလို့လဲဟင် ကိုကိုပြင်ပါ့မယ် ကိုကိုနဲ့လမ်းခွဲမယ်ဆိုတာကိုတော့ မပြောပါနဲ့နော် ’

‘ ကိုကို တကယ် ကိုယ့်လိပ်ပြာ ကိုယ်
လုံရဲ့လား ဟင် ’

‘ ဟမ် - ’

ကြည့် - အဲ့တာကို မကြိုက်တာပဲ ၊‌ရိုးသားရိုးမှန်ရင် အမြဲပြောပြနေကျအတိုင်း ပြောပြရမှာပေါ့ ။ဒါ သူမရိုးသားလို့ပဲပေါ့ ။သူငယ်ချင်းလို့ ပြောရအောင်လည်း ထိုမိန်းမနဲ့ ကိုကိုက လက်တွဲပြီးဝင်သွားကြသလို ရုပ်ရှင်ကြည့်တုန်းက သူတို့ခုံက ငါ့ရှေ့မှာ -

‘ ကလေး ’

‘ ကိုကို ငါလေ ဒီနေ့ Cinema မှာ တင်တဲ့ ရုပ်ရှင်ကားမှာ မင်းသားနဲ့ မင်းသမီး မညားဘဲ မင်းသမီးသေသွားတာကို သိပ့်သဘောမတွေ့ဘူး ’

‘ ဟင် ! ကလေး ’

‘ ကိုကို ဒါဆိုရင် ငါတို့ လမ်းခွဲဖို့ အကြောင်းပြချက် ခိုင်လုံပြီမလား’

‘ ကလေး အဲ့တာကလေ - ဟို ~ ’

‘ လေးနှစ်ကြာတွဲခဲ့ကြတဲ့ ဆက်ဆံရေးဆိုတော့ ဘာပဲတောင်းဆိုတောင်းဆို ငြင်းရမှာ အားနာတယ်လို့ ပြောမလို့မလား ကိုကို ’

‘ ဟို - ကိုကို ’

‘ အဲ့တာပဲ အမြဲကြားခဲ့ရတော့ နားရည်ဝပြီး အလွတ်ရနေပြီ ကိုကို ငါ့ကို လွှတ်ပေးပါတော့ ’

‘ ကိုကိုတို့ တကယ် ရိုးရိုးသားသားပါ တကယ်ပါ ကလေးထင်သလိုမဟုတ်ရပါဘူး’

‘ အရင်ကတည်းက သူငယ်ချင်းတွေပြောခဲ့ ၊သတိပေးခဲ့တာကို ငါနားထောင်ခဲ့ရမှာ မျက်ကန်းတစ္ဆေလို ဖြစ်ခဲ့မိတာပဲ ကိုကို ငါတို့ကိစ္စ ပြီးပြီ ၊မဆက်သွယ်ပါနဲ့တော့ ’

အဲ့ဒီ့လူ ဘာပဲပြောပြော ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့သည် ။အဲ့ဒီလူ မကောင်းဘူး တကယ်မကောင်းတာ ၊လေးနှစ်ကြာတွဲခဲ့တဲ့ အချစ်ဦးဆိုတာကြီးကို မမေ့နိုင်သေးဘဲနဲ့ ငါ့ဆီရောက်ချလာတာ ။ချစ်လွန်းလို့ နှစ်နှစ်‌ဆိုတဲ့အချိန်တွေ သည်းခံလာခဲ့သမျှ တော်ပြီ ငါ ဆက်ပြီး မဆွဲနိုင်တော့သလို ၊ဆက်ပြီးလဲ ဆုပ်ကိုင်မထားချင်တော့ဘူး ။

ရွေးချယ်မိတာ ဘာပဲဖြစ်ဖြစ် ကောင်းရင် မင်းပဲစံပြီး ၊မကောင်းရင်လဲ မင်းပဲ ခံရမှာပါ ၊ပြီးရင်တော့ ငါ့ကို နှောင်ကြိုးလာမဖွဲ့ပါနဲ့ ။ပျင်းလို့ပါဆိုပြီး မင်းအပျင်းပြေ ကစားစရာ အရုပ်မဟုတ်ဘူး ။

ကိုကို သိပ့်ဆိုးတယ် ၊ငါ့မှာတော့သူ့ကို ချစ်လိုက်ရတာကို သူ့အတွက်အချစ်ဦးက ထိုမိန်းမဖြစ်ပေမယ့် ကိုကိုကတော့ ငါ့အတွက် အချစ်ဦးဖြစ်ခဲ့တာကိုး ။ကိုကို ဒီနှောင်ကြိုးတွေ ဖြတ်နိုင်အောင် ငါကြိုးစားမှာပါ ၊မလွယ်ကူပေမယ့် ၊ခက်ခဲပေမယ့် ၊ပူလောင်စေမှန်းသိရင် ငါက ပိုးဖလံလိုမျိုး ဇွတ်‌တိုးဝင်မှာ မဟုတ်ပါဘူး ။

ပျော်ရွှင်ပါစေ ၊ရွေးချယ်လိုက်သောသူနဲ့ ။



#ahjiamo95🌻🍃
အဂျီအမို🌻🍃

(ကိုယ့်အသိ ညီမလေး တစ်ယောက် ခံစားချက်လေး ရေးပေးထားတာပါ )🔥🔥


To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆWhere stories live. Discover now