🍃🖇️

25 6 0
                                    



မောင်ရေ....




ကျွန်မနေတဲ့ မြို့လေးမှာကလေ မုန်တိုင်းလေးတွေရှိမှ မိုးရွာတတ်တာ သိတယ်မလား

အခုလဲ ကြည့်ပါအုံးမောင်ရယ် မုန်တိုင်းသတိပေးစာ‌လေးတက်လာပြီးတော့ မိုးအုံ့လိုက်
နေလေးပူလာလိုက် မိုးပေါက်ဖွဲဖွဲလေးကျလာလိုက်နဲ့ သူ့စိတ်တိုင်းကျကို ဖြစ်နေရော...

ပြီးတော့‌ ပြောရအုံးမယ် မောင်ရေ...
ဒီနေ့ မိုးလေး နဲနဲကျပြီး ရာသီဥတုက အုံ့မှိုင်းမှိုင်းလေး ဖြစ်နေတော့ နေရထိုင်ရတာအေးစိမ့်စိမ့်လေးဖြစ်နေတာ ပြီးတော့
မောင်နဲ့ စိုက်ထားတဲ့ နှင်းဆီလေးတွေ အဖူးလေးတွေ အငုံလေးတွေ ထွက်လာပြီ မောင်
နောက်ထပ်တစ်ရက်, နှစ်ရက်လောက်ဆိုရင် နှင်းဆီလေးတွေ ပွင့်လာတော့မယ်
မောင်ရဲ့...

လော်ဘီလေးကလဲ အစားအရမ်းစားတယ် အခုဆိုထွားလာလိုက်တာလေ ကျွန်မ သူ့ကို မပွေ့နိုင်တော့ဘူး မောင်ရဲ့...
ခြံထဲကို သူစိမ်းတွေဝင်လာပြီး အသီးအနှံတွေ လာဝယ်ရင် လော်ဘီ့ကို ထိန်းမနိုင်ဘူး မောင်ရယ် ဟောင်တာဆိုတာ တအားပဲ
သူ ကျွန်မကို ကာကွယ်ပေးတဲ့ သဘောလေးပါပေါ့

ပြီးတော့ မောင်ရေ
လော်ဘီကလေ မောင် အကျင့်လုပ်ပေးထားလို့ ညနေတိုင်းဆိုရင် စမ်းချောင်းဘက်အထိ သူနဲ့အတူ လမ်းလျှောက်သွားရသေးတယ်
မသွားရရင် တစ်အိမ်လုံးကို ပတ်ပြီး ရှုပ်နေတာ တကယ် မနိုင်ဘူး မောင်ရာ...

အခုလဲ ကျွန်မ မောင့်ကို လွမ်းလာလို့
လောဘီ့ကို ခေါ်ပြီး မောင့်ဆီ ရောက်တဲ့အထိ လမ်းလျှောက်လာခဲ့တာ ကျွန်မ
မောင့်ဆီသွားဖို့ သူ့ကိုခေါ်လာတာကို
လော်ဘီက သိနေတယ် ထင်ပါတယ်
လမ်းမှာ အူမြူးလို့ ‌...

မောင် အဆင်ပြေတယ် မဟုတ်လား ဂရုစိုက်အုံးနော် နေလဲဝင်တော့မှာဆိုတော့ ကျွန်မတို့ အိမ်ပြန်တော့မယ်နော်

မောင့်ဆီ နောက်ရက်ကျရင် ထပ်ပြီး လာခဲ့မယ်
နောက်တခါ ကျွန်မလာရင် မောင်နဲ့ကျွန်မစိုက်ထားတဲ့ နှင်းဆီပန်းလေးယူခဲ့မယ်နော်
အခုကတော့ ကျွန်မတို့ခြံဘေးက ကြီးမြတို့ခြံထဲက ဝယ်လာခဲ့လိုက်တာ
မောင်ကြိုက်မှာပါ နှင်းဆီအဖြူဆိုတော့ မောင့်အကြိုက်ပဲလေ ပြန်တော့မယ် မောင်ရာ ...
မောင်လဲ နားချင်ရောပေါ့ ဘာမှစိတ်မပူနဲ့နော် ကျွန်မ အစားကောင်းကောင်းစားပြီး နေကောင်းအောင်နေနေတယ်

တစ်နေ့နေ့တော့ မောင်နဲ့ကျွန်မ အတူတူနေရမှာပါ မောင် စိတ်ရှည်ပြီး စောင့်နေပေးမယ်မဟုတ်လား ...
နေဝင်ချိန် ရောက်နေပြီ မေမေစောင့်နေလောက်ပြီ
ကျွန်မ မောင့်ကို အချိန်တိုင်း သတိရပြီးလွမ်းနေတယ်နော် ...

ကျွန်မ မောင့်ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပြီး နောက်ဘက်ကိုပြန်လှည့်ကြည့်တော့
အဖြူရောင် အုတ်ဂူလေးရဲ့ဘေးမှာရပ်နေပြီး ကျွန်မကိုလက်ပြနှုတ်ဆက်နေတဲ့ မောင့်ကိုပြန်ပြီး ပြုံးပြလိုက်တော့ မောင်က အုတ်ဂူဖြူလေးရဲ့ နောက်ဘက်ထဲကိုဝင်သွားသည်။

ဒီတော့မှ ကျွန်မလဲ လော်ဘီနဲ့အတူတူပြန်လာခဲ့သည်....


နှစ်ပေါင်းများကြာသွားလည်းပဲမပြောင်းလဲပဲ ချစ်နေလျက်ပါ မောင်...🍃

Ah-ji amo 🌻

Amo95 🌻🍃


2/10/2022(7:32Pm)

Sunday!#

#To my favourite person 🌻










To my favourite person ෆ⁠╹⁠ ⁠.̮⁠ ⁠╹⁠ෆWhere stories live. Discover now