ကြုံလေရာ

18K 43 0
                                    

စီမံကိန်းအတွက်ဆိုကာ ခြံခတ်သိမ်းစည်းသွားတဲ့ လယ်ယာတွေကို ကြည့်ပြီး နန်းကြာညို သက်ပြင်းချမိပြန်သည်။ ဒီလယ်ယာတွေကို အနိုင်ကျင့်သိမ်းယူသွားကတည်းက သူမတို့မိသားစုအပါအဝင်တစ်ရွာလုံး ဒုက္ခရောက်နေရသည်။ လယ်ကလွဲလို့ဘာမှမလုပ်တတ်သော လယ်သမားတွေ ဘိုးဘွားပိုင်လယ်မြေတွေ မရှိတော့သောအခါ ဘဝပျက်ကြသည်။ အလုပ်အကို သစ်အတွက်မြို့တတ်သွားတဲ့သူတွေရှိသလို ကြွေးလည်ပင်းနစ်ကာ စီးပွားပျက်အပူမီးတောက်နေသော သူမတို့တွေလည်းရှိသည်။ ရွာဦးစေတီလေးတွင် စိတ်ပျက်လက်ပျက်ထိုင်နေရင်း သက်ပျင်းအထပ်ထပ်ချမိသည်။ ရောက်ရှိလာမဲ့ မနက်ဖြန်တိုင်းကို ကြောက်မိပါသည်။ စိုးရိမ်စိတ်နဲ့ပင် သူမအိမ်ပြန်ခဲ့သည်။ ခြောက်ကပ်နေသော အိမ်ဝိုင်းလေးအတွင်းသို့ ဝင်လိုက်သည်နှင့် ဝမ်းနည်းစိတ်က ကြီးစိုးလာပြန်သည်။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကထိ သူမတို့လယ်ယာလေးနဲ့ မချမ်းသာပေမဲ့ချောင်လည်စွာနေထိုင်နိုင်ပါသည်။ လယ်ယာတွေအသိမ်းခံရပြီးနောက်မှာ မိခင်ဖြစ်သူက နှလုံးရောဂါဖြင့်ဦးစွာဆုံးပါးသွားသည်။ နောက် အကြွေးတွေများများလာတော့ ဖခင်ကြီးလဲ့ စိတ်ဓာတ်ကျကာ မိမိကိုယ်ကို သက်သေသွားသည်။ အသက် ၂၁နှစ်အရွယ် အပျိုမလေး နန်းကြာညိုတစ်ယောက်သာ ဒုက္ခတွေနဲ့ကျန်ခဲ့သည်။ နန်းကြာညိုက အသက် ၂၁နှစ်အရွယ်ခန့်ရှိပြီမို့ အဝေးသင်နဲ့ ဘွဲ့ရပြီးသား။ သို့ပေမဲ့ ရွာမှာပင်မိဘတွေနဲ့ ဒိုးတူဘောင်ဖက် လုပ်ကိုင်ကာနေသဖြင့် တခြားအလုပ်လဲမလုပ်တတ်။ ကျေးရွာသူမို့ ယက္ကန်းခတ်တာ စက်ချုပ်တာတွေလုပ်တတ်ပေမဲ့ အရင်းအနှီးကမရှိ။ သူများဆီဝင်လုပ်ပြန်လျှင်လည်း စားဖို့လောက်သာရသည်မို့အခက်တွေ့နေရှာသည်။ ည၈နာရီထိုးလောက်ကျတော့ အိမ်ရှေ့မှာ ကားတစ်စီးလာရပ်သည်။

သူမကြောက်ရွံ့နေတဲ့ အရာက နေ့မကူးခင် ညဦးပိုင်းကတည်းကရောက်လာပြီ။ ခဏအကြာမှာ ခြံထားခါးကို ခပ်ကြမ်းကြမ်းတွန်းဖွင့်သံနှင့်အတူ အိမ်ပေါ်ကို မိန်းမတစ်ယောက်ယောက်ျားတစ်ယောက်တတ်လာသည်။ အမျိုးသမီးမှာ ဒေါ်နှင်းဆီဖြစ်ပြီး သူမတို့ရဲ့ အကြွေးရှင်လည်းဖြစ်သည်။ ဘေးကပါလာတာကတော့သူ့ခင်ပွန်း ရွာလူမိုက်မိုးသီးဖြစ်သည်။ အပေါ်ရောက်တော့ ခုံမရှိတဲ့သူမတို့ရဲ့ အိမ်ရှေ့ခန်းမှာ မတ်တပ်ရပ်ရင်းကျုံ့ကျုံ့လေး ထိုင်နေတဲ့သူမရှေ့ စာရွက်တစ်ရွက်ချပေးသည်။ စာချုပ်ပါ ။ သူမတို့ရဲ့အိမ်ကို ပေါင်ပြီး ပိုက်ဆံချေးထားတဲ့စာချုပ်ပါ။ စာချုပ်သက်တမ်းပြည့်ပြီဆိုတော့ သူဌေးက မင်းအိမ်ကို တရားဝင်သိမ်းလိုက်ပြီ။ ဒါပေမဲ့ အိမ်သိမ်းလိုက်ရင်တောင် အကြွေးတွေက ကျန်နေတုန်းပဲ…….။ မင်းဘယ်လိုရှင်းပေးမှာလဲ……။ ကျွန်မမှာ ပေးစရာ တပြားမှမရှိပါဘူးရှင်……တောင်းပန်ပါတယ်။ ကဲအဲ့တာဆိုလည်း မရှိရှိတဲ့ မင်းကို ပဲ အကြွေးအတွက် သိမ်းသွားရမှာပေါ့…..။

အပြာစာWhere stories live. Discover now