အရသာနှစ်ခု

19.2K 53 0
                                    


အရသာနှစ်ခု

ဘခက်အသက်၄၀အရွယ်လူပျို ကြီး… တွေ့မရှောင်ဆိုတဲ့ဘွဲ့ကတော့ ရင်းနှီးသူများပေးထားတာပါ။ ဟုတ်တော့လဲဟုတ်သည်။ ဘခက်ဆိုတဲ့လူက နုရွယ်စဉ်လူပျို ပေါက် ကတည်းက ပျို ပျို အိုအိုမရွေး ဘယ်မိန်းကလေးမဆို အထာပေးပါက ရှောင်လွှဲခဲ့ခြင်း အလျ ဉ်းမရှိခဲ့ပါ။ ဘခက်သဘောကျသော မိန်းခလေးများဆိုလျှင်လဲ တနည်းနည်းနဲ့ ရအောင်ဖန်တီးယူတတ်သည်။ ထိုကြောင့် ရင်းနှီးသူများက တွေ့မရှောင်ဘွဲ့ပေးထားကြခြင်း ဖြစ်သည်။ ဘခက်ကိုယ်တိုင်ကလဲ ထိုဘွဲ့အမည်ကို သဘောကျ နှစ်ခြို က်နေလေသည်။ ဘခက်ကတဦးထဲသောသား။ မိဘက နယ်မြို့လေးရဲ့ ဆီစက်ပိုင်ရှင်တွေ။ ဘခက်အမေက ဘခက်ကိုသိပ်ချစ်တာ။ အလိုလဲလိုက်တယ်။ သားတော်မောင် မျက်နှာမညို းစေရဘူး။ ဒီတော့ ဘခက်အတွက် အမေရှိရင် ငွေရှိတယ်။ တိတိကျကျပြောရရင် အမေ့ ပိုက်ဆံအိတ်မြင်နေရသ၍ ဘခက်ငွေကြေးပူစရာမလို။ အမေကလဲ ပိုက်ဆံအိတ်ကိုဘယ်တော့မှမဖွက် ။

ဘခက်မြင်သာအောင် ထားနေသလားအောင့်မေ့ရတယ်။ ဘခက်မှာကောင်းတာလေးတခုတော့ရှိတယ်။ ကျောင်းနေစဉ်ကာလပတ်လုံး ကျောင်းစာကိုတော့သေချာစနစ်တကျလုပ်တတ်တယ်။ ဒီတော့ AGTI လက်မှတ်ကလေးတော့ ရခဲ့သည်။ မိဘက ပိုက်ဆံရှိတာရော ကိုယ်တိုင်က အစိုးရအလုပ်မလုပ်ချင်တာရောကြောင့် မိဘ လက်ငုတ်လက်ရင်းဖြစ်တဲ့ ဆီစက်လုပ်ငန်းမှာ သူ့ပညာတွေ ဝင်ရောက်အစွမ်းပြလေသည်။ စက်မှု့အင်ဂျင်နီယာ ဘာသာရပ်ကိုအထူးပြု ခဲ့သူမို့ မိဘပိုင် ဆီစက်ထဲမှာ စိတ်ကူးပေါက်ရာ စက်တွေ ဆင်သည်။ သူလုပ်တာ အချိုးကျတော့ ပုံမှန်ဆီစက် တလုံးမှာ လူ ၃ ယောက်တာဝန်ယူရပေမယ့် သူလက်စွမ်းပြလိုက်တဲ့နောက်မှာ လူတယောက် စက်တလုံးသာ လိုတော့သည်။

အရင်က လူ ၃ ယောက်လုံးပင်ပင်ပမ်းပမ်း အလုပ်လုပ်ရပေမယ့် သူ့ရဲ့တီထွင်မှု့ကြောင့် လူတယောက်ထဲက အေးဆေးသက်သာစွာ လုပ်ကိုင်နိုင်တော့သည်။ သူများစက်တွေမှာ လူ ၃ ယောက်လောက် တောင်းတွေထမ်းနေရချိန်မှာ သူ့စက်မှာ လူတစ်ယောက်ထဲက အေးဆေးစွာ လေလေးချွန်နေရုံသာ။ မြေပဲ နဲ့ နှမ်းရဲ့ နေလှန်းကွင်းကိုလဲ စက်ရဲ့ အမိုးပေါ်ကို တင်လိုက်တော့ လှန်းစရာနေရာလဲ အကျယ်ကြီး ရတော့တာပေါ့။ ဒီတော့ အလုပ်သမား စားရိတ်တွေ သက်သာ လာတယ်။

အပြာစာWhere stories live. Discover now