ဘယ်လိုပြောကျမလဲ

10.1K 38 0
                                    

အိဖြူသဇင်ကျတော့လည်း ဇာတ်လမ်းက တမျိုး အဖေရော အမေရောက စည်းကမ်းကြီးသဖြင့် သူ့အတွက်က ဟိုဒီကိစ္စဆိုသည်မှာ မင်္ဂလာဆောင်ပြီးမှ  လုပ်ရမည့် အရာလို့ထင်သည်၊ ညီညီ မှာသူ့ရီးစားလေး ကိုသူများတွေလို ဟိုကိုင် ဒီကိုင် လုပ်ချင်သည်၊ အိဖြူက လက်မခံ၊ အမှိုက်က ပြဿဒ် မီးလောင်ဆို သလို စကားခနခန များလာပြီး နောက်ဆုံးတော့ ညီညီက ဟိုကောင်မလေးလိုလို ဒီကောင်မလေးလိုလို လုပ်လာရမှ အိဖြူက ဒီလောက် သစွာမရှိတာ သူ့ အိမ်ထောင်ဖက်အဖြစ်မရွေးချင်တော့ ဆိုတာ ရီးစားအဖြစ်မှ ပြတ်စဲလိုက်သည်၊ နောက်အချစ်လည်း မရှာချင်တော့၊ စာကိုသာ ဖိကျက်နေတော့သည်၊ နိုင် နိုင်ကတော့ ထည်လဲ တွဲနေတော့သည်၊ အခုဆို ကျောင်းပိတ်လို့ အိမ်ပြန်လည်း သူ့အဖို့ မပျင်းတော့ပြီ၊ သူ့အဖို့တော့ ယောက်ျားလေး တော်တော်များများကို လည်း မြည်းစမ်းဖူးလေပြီ၊ သူ့ ပထွေး ဦးချစ်ဆွေကြောင့်လားမသိ၊ သူက သူ့ထက်ကြီးသော ဘဲကြီးတွေကို ပိုကြိုက်တတ်လာသည်၊ ကျောင်းမှာလည်း  မုဆိုးဖို ကျောင်းဆရာများ နှင့် ဘာညာကွိကွလေးတွေ အမြည်းတို့စားရင်း၊ က ကျောင်းစာများမှာ စာအရမ်းကြည့်နေသော အိဖြူနှင့် ဂရိတ်တူတူ ရ နေသည်။ ဤသို့ဖြင့် သူတို့၏ ပထမအရွယ်ပညာရှာခြင်းပြီးဆုံးပြီမို့ နှစ်ဦးသား လမ်းခွဲသွားကြရသော်လည်း အဆက်အသွယ်မှာ မပြတ်ကြချေ၊ တဦးနှင့်တ ဦး အမြဲတမ်းလိုလို အဆက်အသွယ်ရှိပြီး အနည်းဆုံးတနှစ်တခါလောက်တော့ ဆုံမိကြလေသည်။

နောက်တော့ နိုင်နိုင်မှာ သူ၏ လည်ပတ်ကျွမ်းကျင်မှုကြောင့် သူ့ထက် အသက် ၅နှစ်မျှကြီးသူ ဗိုလ်မူးအောင်နိုင် နှင့် အိမ်ထောင်ကျခဲ့လေသည်၊ အိဖြူသဇင် ကမူ မိဘ ပြောစကားနားထောင်ပြီး မိဘချင်း စေ့စပ်သဘောတူခဲ့သူ ကိုမျိုးဆွေ ဆိုသော အာအိုင်တီကျောင်းဆင်း၊ သူနှင့်အသက်တူ ရွယ်တူ တဦးနှင့်  အိမ်ထောင်ကျခဲ့ရလေသည်။ အိဖြူသဇင်၏ ယောက်ခမ များမှာ ဟိုတယ်တည်းခိုခန်းများပိုင်ဆိုင်ပြီး သားလေး တယောက်တည်းရှိရာ သူတို့ စီးပွားရေးကို  ဆက်လက်လုပ်ကိုင်စေလိုသော်လည်း ကိုမျိုးဆွေက သူငယ်ချင်းများ လည်း အလုပ်လုပ်နေသော စင်္ကာပူကို သွားရောက်လုပ်ကိုင်ကြည့်ချင်နေလေသည်၊  သူက အဆင်ပြေရင် အိဖြူကိုပါ ခေါ်သွားပြီး အတူတူ နေချင်ပေမဲ့ သူကိုယ်တိုင်လည်း အလုပ်ရှာရအုန်းမှာမို့ တနှစ်လောက်သာ ညားထားရသေးသော  မယားလေးကို သူတို့ မြို့မှာ ခနထားခဲ့ရလေသည်၊ အိဖြူမှာလည်း အီကိုက ဆင်းသူမို့ ငွေစာရင်း များကိုင်တွယ်ရာတွင် ကျွမ်းကျင်သူမို့ သူ့မိဖများမှာလည်း  သူတို့ အလုပ်တွင် စပြီး အားကိုးနေရပြီဖြစ်ရာ၊ အိဖြူမှာ သူ့ယောက္ခမ များနှင့် ကျန်နေခဲ့ရလေသည်။

အပြာစာWhere stories live. Discover now