သစ္စာရှင်းတမ်း

7.6K 32 0
                                    

မဖြစ်နိုင်ဘူး ဒါ လုံးဝမဖြစ်နိုင်ဘူး „ အတွေးနှင့် ခါးခါးသီးသီးငြင်းဆန်ရင်း ခေါင်းကိုခါရမ်းပစ်မိတော့ တားဆီးချိန်မရလိုက်တဲ့မျက်ရည်တွေက ဟိုတစ်စ ဒီတစ်စ လွင့်စင်ကုန်ကြသည် သူငယ်ချင်းတွေ လာလာသတိပေးခဲ့ ပြောခဲ့ကြပေမယ့် ယုံကြည်လို့မရခဲ့ အခု မိမိမျက်လုံးနဲ့ တပ်အပ်မြင်နေသည့်တိုင်အောင် ချစ်မိတဲ့နှလုံးသားက အမှန်ကိုလက်ခံဖို့ ခက်ခဲနေသည်..။ ကိုကိုနဲ့ချစ်သူဖြစ်တာ နောက်တစ်ပက်ဆိုရင်ပဲ တစ်နှစ်ပြည့်ခဲ့ပြီ အစစအရာရာ အနွံတာခံလွန်းသော အရာရာ အလျော့ပေး ချစ်တတ်လွန်းသော မိမိဆန္ဒကို အလေးအနက်ထားက လိုက်လျောပေးတတ်သောကိုကို့ကို အတိုင်းအဆမဲ့စွာချစ်မိရင်း ယုံကြည်အားကိုးသည့်စိတ်က အခိုင်အမာကပ်တွယ်လာခဲ့တာ ကိုကိုမသိ…. တကယ်တော့ မှူးသခင်ဆိုတာ အချစ်ကို ရေလိုသဘောထားသည့် မိန်းမစားမျိုးမှမဟုတ်တာ ကိုကို့အချစ်ကို လက်ခံဖို့တောင် တစ်နှစ်ခွဲကျော်အချိန်ယူလေ့လာပြီးမှ ကိုကိုလိုချင်သည့်အဖြေကို ပေးခဲ့တာပါ…. ချစ်သူဖြစ်ပြီးနောက်မှာလည်း ချစ်သူတို့သဘာဝ ပွေ့ဖက် နမ်းရှုံ့တာလေးတွေရှိခဲ့ပေမယ့် စည်းအကျော်မခံခဲ့… မိမိအပျိုစင်ကို အချိန်မတန်ပဲ မပေးချင်သလို တန်ဘိုးမဲ့သွားမှာလည်း စိုးမိတာကြောင့် ကိုကိုလက်ခံအောင် အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရင်း ထိမ်းသိမ်းနေခဲ့တာ ဒီနေ့အထိပင်.. မိမိဆန္ဒကို နားလည်ပေးခဲ့တဲ့ကိုကို့ကို အချစ်ပိုရပြန်သည် တစ်နှစ်ပြည့်မယ့် နောက်တစ်ပက်ကျရင် ကိုကိုလိုချင်တာပုံပေးဖို့ ဆုံးဖြတ်ပြီးကာမှ ရုတ်တရက် လမ်းခွဲရမယ့်အခြေအနေမျိုး ကြုံလာရသည်…။

မှူးတစ်ယောက် ကားလမ်းမတစ်လျှောက် စိတ်လွတ်ပြီးလျှောက်သွားနေမိတာ ဘယ်ကိုပင်ရောက်မှန်းမသိ ခြေလှမ်းတွေ မရပ်တန့်ဖြစ်ပေမယ့် ဦးတည်ရာတော့ နတ္ထိပင် လမ်းအကူး ကားတွေနဲ့တိုက်မိမလိုဖြစ်တာလဲ အကြိမ်ကြိမ် ဒေါသတကြီး အော်ဟစ်ဆဲဆိုသွားသူတွေလဲ မနည်းမနော မကြားဝံ့မနာသာ ကြိမ်ဆဲကြသူတွေလဲ အမြောက်အများပင် အချစ်ဦးနဲ့လွဲကာ အပြင်းရှဆုံးပုံရိပ်တွေအောက်မှာ မှူးတစ်ယောက် အသိစိတ်တွေ လွင့်ပျောက်တော့မလိုပင်ဖြစ်ရသည် အကြိမ်ကြိမ်ပြိုဆင်းလာသည့်မျက်ရည်တွေက အခုအချိန်မှာတော့ ကုန်ခမ်းသွားသည့်အလား ရပ်တန့်နေပေပြီ ” ဂျိမ်း ဒလိန်း ဂျိမ်း.. ရုတ်တရက်မိုးချိမ်းသံတွေနဲ့အတူ ကောင်းကင်မှာတိမ်မဲတွေ နေရာယူကြပြီ တစ်ချက်တစ်ချက် လင်းလတ်လာသည့်လျပ်ဆီးတွေက တိမ်မဲတွေကို ဖြိုခွင်းရန် စစ်ထိုးနေသည့်အလား.. မကြာခင်မိုးကြီးရွာမည့်ဟန်အထင်းသားရှိနေပေမယ့် မှူးသတိမထားမိ ..လျှောက်လက်စခြေလှမ်းတွေကိုလည်းမရပ်တန့်မိ တကယ်ဆို မှူးက မိုးချိမ်းသံနဲ့လျှပ်ဆီးတွေကို သေမလောက်ကြောက်တတ်သူပါ အခုတော့ သစ္စာမဲ့သူရဲ့ရိုက်ချက်တွေကြောင့် စိတ်နဲ့ခန္ဓာကင်းလွတ်သလိုဖြစ်နေသည်မို့ ကြောက်ဖို့နေနေသာသာ သတိပင်မထားမိ.။ သိပ်မကြာလိုက် တဝေါဝေါအသံပေးကာ မိုးစက်မိုးပေါက်တွေ သက်ဆင်းလာချေပြီ မိုးနဲ့အတူပါလာသည့် လေပြင်းတွေက မှူးရဲ့ တင်ပါးဖူံးအောင်ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တွေကို လွင့်မျောစေသည် ထို့အပြင် အညှာအတာမဲ့သည့်မိုးစက်တွေက မှူးရဲ့တစ်ကိုယ်လုံးစိုရွှဲစေကာ အဝတ်နဲ့အသားထိကပ်မှုကြောင့် မှူးရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကို အထင်းသားပေါ်လွင်စေသည် မေးစေ့မှတစ်ဆင့် ကြွေဆင်းလာသည့်မိုးပေါက်တွေက တင်းရင်းမို့မောက်နေသည့် ရင်သားဆိုင်ပေါ်ကို တလိမ့်လိမ့်သက်ဆင်းကာ မြူဆွယ်သလို ထိတို့ကစားသွားကြသည် အချိုးအစားလှပသူမို့ တင်ပါး ရင်သား အထွားထွားပေါ်လာကာ လမ်းပေါ်သွားလာနေကြသည့်ပုရိသတွေရဲ့ ရမက်ခိုးဝေတဲ့ မျက်လုံးတွေကို စုပြုံသိမ်းဆည်းနေပြီဆိုတာ သတိလွတ်သလိုဖြစ်နေသည့်မှူးတစ်ယောက် မသိနိုင်ခဲ့ပါ….။

အပြာစာWhere stories live. Discover now