မလည်မရှုပ်လေး

10.3K 33 0
                                    

ခွေးတွေ.. ရှင်တို့ … ခွေးတွေသိလား´ 'အငုံ´ ငယ်သံပါအောင်ကြုံးအော်ပြစ်လိုက်သော အသံလေးက တိုက်ကြီးအတွင်း ဗုံးပေါက်ကွဲသလို မြည်ဟီးသွားလေသည်။ အငုံမေမေ၊ ပွင့်က ခပ်ဝေးဝေးရောက်နေသော ထမီကို ကယောင်ကတမ်းဆွဲယူပြီး ခြေမှစွပ်ဝတ်ခါ၊ ပြေကျနေသော ဆံပင်ကို ကပိုကရို ထုံးဖွဲ့သည်။ နို့နှစ်လုံးအပေါ်သို့ အလိပ်လိုက်လေးတက်နေသော ဘရာစီယာကို အတင်းဆွဲချပြီး အုံကြီးထွားကြိုင်းသော နို့ကြီးနှစ်လုံးကို ဖုံးဖီကာကွယ်သည်။ ဦးဦးသံဒိုင်က ပုဆိုးကို ကောက်ဝတ်ပြီး တံခါးဝသို့ သုတ်ခြေတင်ရန်ခြေလှမ်းပြင်လိုက်သည်။ 'လူယုတ်မာကြီး.. ရှင်ပြသနာတတ်သွားချင်လား. ထိုင်စမ်း.. ဘယ်မှမသွားနဲ့´ ခြောက်ပေးနီးပါးထွားကြိုင်းသော ကိုသံဒိုင်က (၁၆)နှစ်သမီးလေးအငုံ၏ အဆိုကို လေးစာရိုကျိုးစွာ လိုကနာရှာသည်။ 'အကုန်.. စောက်ရှက်ကွဲကုန်မယ်´ အငုံက နာဇီဟစ်တလာမျက်နှာဖြင့် ဟိန်းဟောက်သည်။

ပွင့်က ရှက်လွန်း၍ မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ခါ တရှုံရှုံငိုနေရှာသည်။ 'ကြည့်ပါအုံးရှင်.. ဒါ.. ဧည့်ခန်းရှင့်.. ဧည့်ခန်း.. ကျမဒက်ဒီ.. ဂုဏ်သရေရှိ ဧည့်သည်တွေကို လက်ခံတွေ့ဆုံတဲ့.. မင်္ဂလာရှိတဲ့ ဧည့်ခန်း သိကြရဲ့လား´ အငုံ့စကားသံသာ ထွက်ပေါ်နေပြီး လူကြီးနှစ်ယောက်စလုံးထံမှ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ 'ကျမ အံ့အောတယ်.. ဦးဦးသံဒိုင်၊ ဒက်ဒီဆုံးတာ နှစ်လပဲရှိသောတာပါ၊ ရှင်တို့ဒီလောက် သောင်းကျန်းကြဘို့ မကောင်းဘူး´ ပွင့်ရော ကိုသံဒိုင်ပါ ခေါင်းငုံ့ဆိတ်ငြိမ်နေ၏။ 'ပြီးတော့ ခင်ဗျားကြီး သဒေါင်းစားဘဝနဲ့ ကြံတောသင်္ချိုင်းမှာ နေရတဲ့ဘဝကကယ်တင်လာတဲ့ ဒက်ဒီမှက်နှာကိုမှမထောက်မထား ခင်ဗျားမို့ဗျာ´ 'ဦးဦးအပြစ်တွေချည်းပါအငုံ´ 'ဟုတ်တယ်၊ မာမီလဲပါတယ်.. မာမီဘာဖြစ်လို့ ရာဂပြင်းထန်းသွားရတာလဲဟင်´ 'အငုံ..´ ပွင့်အသံက နီရဲသောမျက်လုံးတွေကြားမှ ရှက်ဒေါသနှင့် ကန်ထွက်လာခြင်းဖြစ်သည်။

'နားထောင်နေလို့ အကောင်းအမှတ်နဲ့အငုံ.. ဒါလူကြီးတွေကိစ္စ.. ဒို့နှစ်ယောက်ယူကြမှာဘဲ.. လင်မယားလိုနေတာဆန်းသလား´ 'ရှင်.. မေမေ.. အဲ.. အဲဒါ.. မေမေပါးစပ်က ထွက်.. ထွက်လာတဲ့စကားတွေ.. ဟုတ်လား´ အငုံအံ့အောသလို ဝမ်းလည်းနည်း ရှက်ဒေါသလည်း ပိုမိုပြင်းထန်သွားသည်။ 'ဟုတ်တယ်.. င့ါပါးစပ်ကပြောတာ ဘာဖြစ်လဲ´ မဟုတ်ပါ.. မဖြစ်နိုင်ပါ။ မေမေသည် ယဉ်ကျေးသော လူ့အလွှာမှ နူးညံ့စွာ မွေးဖွားသန့်စင်လာသူ တစ်ယောက်ဖြစ်ကြောင်း အငုံသိသည်။ ဒက်ဒီရှိစဉ်က ဒက်ဒီမှလွဲ၍ ဘယ်ယောက်ျားကိုမှ တစ်ဦးချင်း လက်ခံစကားပြောခဲ့သူ မဟုတ်ပေ။ မြန်မာဆန်ဆန်၊ နန်းဟန်နွဲ့နွဲ့နှင့်မေမေ့ပါးစပ်မှ မောက်မာရိုင်းစိုင်းသော စကားလုံးတွေက ဘယ်အချင်းအရာကို အခြေခံပေါက်ဖွားခဲ့သည်ကို အငုံမတွေးတတ်အောင်ဖြစ်သွားပါသည်။

အပြာစာWhere stories live. Discover now