မှန်းပြီးလွမ်းမနေနဲ့ဘုပြီးကြမ်းပလိုက်

15.2K 46 1
                                    

ကြည်သာခင် ဒီကိုရောက်လာရသည်က ဒက်ဒီနှင့် မာမီတို့က “ သမီးရယ်…ကြီးမေက သမီးကို အကူအညီတောင်း တာပါ…ကြီးမေကြီးကို အားနာစရာကြီး မာမီတို့က ဘယ်ထားခဲ့ချင်ပါ့မလဲ…” ဟူသော စကားရပ်ဖြင့် ကြည်သာခင်မှာ ကြီးမေ ကြီး၏ အိမ်တွင် နေရစ်ခဲ့ရခြင်းဖြစ်သည်။ ကြီးမေဆိုတဲ့ ဒေါ်လှနုက ဒက်ဒီရဲ့ အမကြီး။ သူတို့က မောင်နှမနှစ်ယောက်ထဲရှိ သည်။ ဒက်ဒီငယ်ငယ်ကတည်းက ကြီးမေကြီးရဲ့ သြဇာကလွှမ်းမိုးပြီးသား မာမီဆိုတာက ဘာမို့လို့လဲ ဒက်ဒီကို ဘယ်ပြောရဲပါ့ မလဲ…။ ကြည်သာခင် ကြီးမေကြီး၏ မိသားစုဝင်တွေကို သိပ်ပြီးကြိုက်လှသည်မဟုတ်ပါ။ ကြီးမေကြီးမှာ သားသမီးနှစ် ယောက်ရှိသည်။ အကြီးကမိန်းကလေး တင်နုသွယ် တဲ့ အငယ်ကယောက်ျားလေး တင်ဦးအောင် တဲ့…မမတင်နုသွယ်က အသက် (၂၀) ကျော်ပြီ။ အကိုလေး တင်ဦးအောင်က (၁၈) နှစ်ပဲရှိသေးသည်။ သူတို့မောင်နှမနှစ်ယောက်စလုံးက ကြည်သာခင် ကိုဆက်ဆံတာ သိပ်ပြီးပုံစံမကျလှဟု ကြည်သာခင် ထင်မိသည်။ မောင်နှမဝမ်းကွဲပုံစံမျိုးမဟုတ်။ ဘယ်ဟုတ်ပါ့ မလဲ…။

ကြည်သာခင်က ဒက်ဒီနဲ့ မာမီတို့ရဲ့ မွေးစားသမီးလေ…။ ကြည်သာခင် အခါလည်သမီးကတည်းက ဒက်ဒီနဲ့ မာမီတို့ က မွေးလာခဲ့တာ…ဒက်ဒီရော မာမီရော ကြည်သာခင်ကို သမီးအရင်းလိုချစ်သည်။ သမီးအရင်းလို ဘာမှလိုလေသေးမရှိ အောင်ထားသည်။ အခုဆိုလျှင် ကြည်သာခင် (၁၀)တန်း ရောက်နေပြီ။ ထားတဲ့ကျောင်း၊ ဝတ်တဲ့အဝတ်၊ ကျောင်းသွားတဲ့ ကား…အားလုံးက အပျံစား။ ကြည်သာခင် ကိုယ်တိုင်ကလည်း ရုပ်ရည်ကအမိုက်စားမို့…အားလုံးထဲမှာ စတားဖြစ်နေသည်။ အခုကျောင်းပိတ်ရက် မန္တလေးက ကြီးမေကြီးဆီ အလည်လာမိကာမှ ကြီးမေကြီးက ဆွဲထားသဖြင့် ကြည်သာခင် ကြီးမေကြီး အိမ်မှာသောင်တင်၍ ကျန်ခဲ့ရသည်။

ကြီးမေကြီး အိမ်မှာက ကြီးမေကြီး ဒေါ်လှနု…မမကြီး တင်နုသွယ်…အကိုလေး တင်ဦးအောင်နှင့် ထမင်းဟင်းချက် သည့် ဒေါ်စိန်တို့ရှိကြသည်။ သည်အထဲမှ အကိုလေးတင်ဦးအောင်က တက္ကသိုလ်ကျောင်းသား အပေါင်းအသင်းများသူဖြစ် သည့်အတွက် အိမ်ကို ကပ်တာမဟုတ်။ မိုးလင်းကနေ ထွက်သွားတာ အိပ်ခါနီးမှ ပြန်ရောက်လာလေ့ရှိသည်။ တစ်ခါတစ်ခါ သူငယ်ချင်းအိမ်မှာ နှစ်ရက်သုံးရက် အိပ်တတ်သေးသည်။ ဖခင်မရှိတော့ဘဲ မိခင်၏ အုပ်ချုပ်မှုအောက်မှာဆိုတော့ လွတ်ချင် တိုင်းလွတ်၍နေသည်။ တင်နုသွယ်က ကျောင်းပြီးသွားပြီး အိမ်တွင်ထိုင်နေသူဖြစ်သည်။ မကြာမှီ လက်ထပ်တော့မည်ဟု လည်း ကြည်သာခင် သိထားသည်။ အဆိုးဆုံးကတော့ မမတင်နုသွယ်ပဲ ဖြစ်သည်။ ကြည်သာခင်ကို ဆက်ဆံတာက စကား ပြောချင်သလို မပြောချင်သလိုနှင့် ပြီးတော့ သူ့မျက်လုံးတွေက ကြည်သာခင်ကို ကြည့်တဲ့အကြည့်တွေကို ကြည်သာခင် မကြိုက်။

အပြာစာWhere stories live. Discover now