အခန်း(၄၀၁)
ပြင်းထန်သော ပြိုင်ဆိုင်မှု။
ပုံရိပ်ယောင်ပင်လယ်ကန်မှာ တိတ်ဆိတ်နေသည်။ Long Feiye နှင့် Han Yunxi တို့ အဖွဲ့မှာ ကမ်းခြေတွင်ထိုင်ကာ မီးပုံဘေးတွင် နွေးထွေးစေရန် စုဝေးနေကြသည်။ သူတို့လူများထဲတွင် Baili Mingxiang တစ်ယောက်သာ ရေခဲပြင်ပေါ်သို့ သွားလိုက်သည်။ Jun Yixie နှင့် Ouyang Ningruo မှာလည်း ဆန့်ကျင်ဘက်ကမ်းခြေတွင် အနွေးဓါတ်ယူနေပြီး ကန်မျက်နှာပြင်တွင် သူတို့၏ တံငါသည် ဆယ်ယောက်ရှိနေသည်။ နှစ်ဖက်အဖွဲ့မှာ မီတာတစ်ရာပင်ကွာဝေးခြင်း မရှိပဲ နှစ်ဖက်ကြားရှိ အင်အားကွာခြားချက်မှာမူ ထင်ရှားလှသည်။ တစ်ဖက်မှ စကားပြောဆိုခြင်း ရန်လိုစွာ ပြုမူခြင်း မရှိသော်လည်း သူတို့၏ မျက်လုံးများမှာ သက်ဆိုင်ရာ ပြိုင်ဘက်အား စောင့်ကြည့်နေကြသည်။
ရေကန်တစ်လျှောက်တွင် ယမ်းမှုန့်များ၏ ရနံ့မှာ ပျံ့နှံ့နေသည်။ Baili Mingxiang နှင့် တံငါသည် ဆယ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် လှုပ်ရှားမှုများမှတစ်ဆင့် အင်အား တိုင်းတာနေကြသည်။ ရုတ်တရက် တံငါသည်တစ်ယောက်မှာ ရေခဲအား ကြမ်းတမ်းစွာ ဆောင့်နင်းလိုက်သည်။ သူ၏ ဖိနပ်အောက်ခြေမှာ မျက်နှာပြင်အား ထိုးဖောက်သွားပြီး စိတ်ဓါတ်ကျသွားဟန်တူသည်။ သူက တူညီသောနေရာအား အပေါက်ဖြစ်သည်အထိ သုံးကြိမ်တိုင် နင်းလိုက်သည်။ သဘာဝကျစွာပင် ကြုံရာကျပန်းအပေါက်မှာ ငါးမျက်လုံး ရှိမနေနိုင်သော်လည်း ငါးများမှာ လေရှူရန် စုဝေးလာဆဲ ဖြစ်သည်။ ငါးဖမ်းသမားမှာ မှိန်းရှည်တစ်ခုအား ယူလိုက်ပြီး ရေထဲသို့ ထိုးစိုက်လိုက်လျှင် မှိန်းအပြည့် အနည်းဆုံး ကြီးမားသော ငါးအကောင်နှစ်ဆယ်လောက် ပါလာသည်။
“ဟီးဟီးဟီး ဒီအရှင်က အတော်လေး ဆာနေပြီ။" Jun Yixie မှာ ပေးလာသော မှိန်းအား လက်ခံလိုက်ပြီးနောက် ဝမ်းသာအားရ ပြောကာ မီးပုံပေါ်တင်၍ ကင်လိုက်သည်။ သူက အထင်အရှားပဲ အခြေအနေကို အခွင့်ကောင်းယူနေတာပဲ။ မည်သူမဆို အပေါက်ဖောက်ကာ ငါးအချို့မှိန်းထိုးနိုင်သော်လည်း တံငါသည်၏ လျှင်မြန်ကာ ထိရောက်သော လှုပ်ရှားမှုမှာ ကျွမ်းကျင်သူဖြစ်ကြောင်း သက်သေပြနေသည်။ သာမာန်လူတစ်ယောက်မှာ ရေခဲအား ခွဲရန်ပင် အချိန်ကြာမြင့်စွာ ယူရနိုင်သည်။ Long Feiye နှင့် Han Yunxi တို့မှာ စကားမဆိုပဲ ရိုးရှင်းစွာဖြင့် အေးစက်စွာသာ ကြည့်နေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
