အခန်း(၅၂၀)
Mu Linger ၏ ထိမ်းမြားမင်္ဂလာကိစ္စ။
Ouyang Ningnuo!!
အံ့အားသင့်သွားသော ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ အလျင်အမြန် တံခါးဖွင့်လိုက်သည်။ “ဥက္ကဋ္ဌ Ouyang… ညလယ်ခေါင်ကြီးမှာ… အရေးကြီးကိစ္စမလို့ပါလား။"
ဆေးဝါးမြို့တော်မှာ တိမ်တိုက်ကုန်းမြေကြီး၏ ဈေးကွက်အများစုအား ထိန်းချုပ်ထားသော်လည်း အရောင်းအဝယ် စီးပွားရေးအစစ်အမှန်မှာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုမှ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ သဘာဝကျစွာပင် ၎င်း၏ ဥက္ကဋ္ဌ Ouyang Ningnuo ရင်းနှီးလေသည်။
“ဘာမှတော့ အရေးမကြီးပါဘူး။ ကျွန်တော်က ဖြတ်သွားရင်း အကြီးအမှူးက ဒီမှာ ရှိတယ်ဆိုလိုပါ။ ဒါကြောင့် ကျွန်တော်က လက်ဖက်ရည်သောက်ဖို့ လာခဲ့တာပါ။" Ouyang Ningnuo မှာ ပုံမှန်အတိုင်း ဟန်ဆောင်က လက်ဖက်ရည်နှပ်ရန် ထိုင်လိုက်သည်။
ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ တိတ်ဆိတ်နေသည်။ Ouyang Ningnuo မှာ အလုပ်များသော လူတစ်ယောက်ဖြစ်သည်။ အချိန်က သူ့အတွက် ပိုက်ဆံပဲ။ ဒါကြောင့် ဘာလို့ တိုက်ဆိုင်ပြီး လာတွေ့ရမှာလဲ။ တစ်ခုခု ရှိရမယ်.. အရေးပြီးတာ တစ်ခုခုပေါ့..
Ouyang Ningnuo မှာ အမူအရာကင်းမဲ့စွာ ထောင့်တွင် ရှိနေသည့် လက်ဖက်ရည်ခွက်အပိုအား ကြည့်လိုက်ပြီး ခွက်အနည်းငယ်သောက်လိုက်သည်။ နောက်ဆုံးတွင် ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ စိတ်လှုပ်ရှားနေကာ မေးမြန်းလိုက်တော့သည်။ “ဥက္ကဋ္ဌ Ouyang က ဒီည ဆေးနတ်ဆိုးဆေးပေးခန်းကြောင့် ရောက်လာတာပါလား။”
Ouyang Ningnuo မှာ စကားမဆိုသော်လည်း ပြုံးကာ ခေါင်းယမ်းလိုက်သည်။
“ဥက္ကဋ္ဌ Ouyang ဒီအဘိုးကြီးက မင်းကို အပြင်လူလို့ သဘောမထားပါဘူး။ ဒါပေမယ့် မင်းက ဘာလို့ ဒီလောက် ယဥ်ကျေးနေတာလဲ။ ဘာဖြစ်နေတာလဲ။” ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ မကျေမနပ် ဖြစ်လာသည်။
Ouyang Ningnuo မှာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးနေပြီး စကားပြောရန် ငြင်းဆန်နေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
