Chapter 1 (Unicode)

373 15 0
                                    

ထမင်းစားချိန်ဖြစ်တာကြောင့် ကန်တင်းတွင် ကျောင်းသားများကြိတ်ကြိတ်တိုးနေကြသည်။ ကျွန်တော်တို့တက္ကသိုလ်တွင် ကျောင်းတွင်းကန်တင်းဟူ၍ ၂ခုသာရှိသောကြောင့် နေ့လည်စာစားချိန်တွင် ခုံရရန်မလွယ်လှပါ ။ ထို့ကြောင့်လည်း တတိယနှစ် စတုတ္ထနှစ်ကျောင်းသားအများစုသည် ကျောင်းရှေ့ရှိကြေးမုံဆိုသော လက်ဘက်ရည်ဆိုင်တွင်သာ ထမင်းစားလေ့ရှိကြသည်။ ပထမနှစ်လေးတွေအတွက် ရပ်ကွက်တွင်းက လက်ဘက်ရည်ဆိုင်က အသားကျဦးမည်မဟုတ်သေးသည်ကတကြောင်း စီနီယာများကိုယ်တိုင်က ထမင်းစားရင်း လက်ဘက်ရည်ကော ဆေးလိပ်ပါသောက်လို့ရသော လက်ဘက်ရည်ဆိုင်ကိုသွားကြသည်ဆိုလျှင်ပိုမှန်မည်။ စတုတ္ထနှစ်ဖြစ်သောကျွန်တော်တို့အုပ်စုသည်လည်း ကြေးမုံသို့သာ အချိန်မှန်သွားကြသည်။ ဆိုင်၏ ဝင်ပေါက် နံပြားဖို၏ အရှေ့ဘက် ကျွန်တော်တို့ ကျောင်းဆ်ိုင်းဘုတ်ကို မြင်ရသော ဝိုင်းသည် ကျွန်တော်တို့ထိုင်နေကျဝိုင်းဖြစ်သည်။ မှာနေကျ အစားအသောက်များကိုမှာပြီး ရေနွေးမသောက်ခင် ရေနွေးခွက်များအား ရေနှင့်ခွက်နှုတ်ခမ်းပတ်ပတ်လည်ကိုဆေးကြောလေ့ရှိသောကျွန်တော့ကို သူငယ်ချင်းများကတော့ ဇီဇာကြောင်သည်တဲ့လေ။ ဇီဇာကြောင်သည်ပဲပြောပြော ထုံးစံကတော့ပျက်လို့မဖြစ် ခုလည်း မသောက်ခင် ရေနှင့်ကျင်းရမည်။

"အာားး " ဟူသော အာမေဋိတ် သံနှင့်အတူ လက်ထဲတွင်ကိုင်ထားသော ခွက်လွတ်ကျကာ ရေနွေးများမှာ ​ကြမ်းပြင်ပေါ်သို့ လွင့်စင်သွားသည်။ ရေနွေးထည့်သည့်အခါ ခွက်ကိုကိုင်ထားသော လက်ပေါ်သို့ ရေနွေးပူပူများစီးကျလာသဖြင့် လန့်ကာ ခါထုတ်မိလိုက်ခြင်းဖြစ်သည်။ ကျွန်တော့လက်ထဲက ခွက်နှင့်ရေနွေးများသည်ကြမ်းပြင်ပေါ်သို့တိုက်ရိုက်မကျပဲ ခြေဖမိုးတခုအပေါ်ကျသွားသည်ကိုမြင်သည့်အခါ ကျွန်တော်ထူပူသွားသည်။ ကျွန်တော့ကြောင့် လူတယောက် အပူလောင်သွားပြီ။ ကြောင်အမ်းအမ်းနှင့် ခြေဖမိုးကိုသာငေးကြည့်နေရင်း အပူလောင်သွားသူကလည်း စကားတခွန်းမှ မဆိုပဲ ဆိုင်ထဲမှထွက်သွားသည်။ ကျွန်တော် ​တောင်းပန် စကားတောင်မဆိုလိုက်ရပဲထွက်သွားသော သူကိုကျွန်တော်မှတ်မိလိုက်သည်က ပုခုံးပေါ်တွင်လွယ်ထားသော ကချင်လွယ်အိတ်ကို ထုံးထားသော အထုံးသေးသေးလေးသာ .....

ရင်မှာ ဒီလောက်ချစ်ပါသည်။ Where stories live. Discover now