Chapter 2 (Unicode)

121 16 1
                                    

အမျိုးသားစီမံခန့်ခွဲမှုပညာ​ကောလိပ် "

"NATIONAL MANAGEMENT DEGREE COLLEGE"

ကြက်သွေးရောင်နုနု သို့မဟုတ် ပန်းရောင်ရင့်ရင့်ပေါ်တွင် ရွှေရောင်စာလုံးဝိုင်းများဖြင့် ရေးထားသော ကျောင်းဆိုင်းဘုတ်က ထည်ဝါစွာတည်ရှိနေသည်။

" အကိုတို့ BM အဆောင်ရှေ့မှာနော် စောင့်နေတယ် လာခဲ့ကြပါ "

မင်းခန့်မှ Group ထဲဆော်သြလိုက်သည်နှင့် Seen ပြသွားသော ကလေးများ ခဏအကြာ စုဝေးလာကြသည်။ အတန်းရှိသည့် ကလေး ၂ယောက်မှ လွဲ၍ လူစုံပြီဖြစ်သောကြောင့် ခန်းမကိုDecoration ဆင်ရန် ထွက်ခွာလာကြသည်။

" အကိုတို့ ဒီနှစ် Theme ကတော့ အဖြူနဲ့ အနက်ကိုပဲရောပြီးရှင်းရှင်းနဲ့ ထင်းနေမယ့် Theme မျိုးစဥ်းစားထားတယ် " ရဲခေါင်က ကလေးများရှေ့ရပ်ကာ Theme အကြောင်းရှင်းပြပေးနေချိန် ကျွန်တော်က လိုအပ်သည့်ပစ္စည်းများ ထုတ်ကာ တာဝန်ခွဲပေးမည့် တာဝန်ကိုယူထားသည်။ လုပ်မည့် Theme ကိုသေချာရှင်းပြပြီး နာရီဝက်လောက်ကြာသည့် အခါ စပြီး Decor ဆင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။

" ကိုနှစ်သစ် "

အသံလာရာကို စတိတ်စင်ပေါ်က လှမ်းကြည့်တော့ တတိယနှစ်မှ EC ကောင်လေးဖြစ်သည်။

" အေး ညီလေး ပြော "

" King Queen လေးတွေ Rehersal လာလုပ်လို့ အဆင်ပြေမလား လာမေးတာပါ အကို "

" ကြာမှာလား ညီ "

" ၁နာရီလောက်ပဲ အကို စတိတ်ကိုရင်းနှီးအောင်ပြရုံလောက်ပဲ "

" အိုကေလေ ရတယ် လာခဲ့ အကိုတို့ ဘေးတဘက် ကပ်ထားပေးမယ် "

" ကျေးဇူးပါ အကို "

ကျွန်တော့ ဆီက ခွင့်ပြုချက်ရသွားတဲ့ EC ကောင်လေးကတော့ အလျင်လိုနေပုံနှင့်ပြေးသွားသည်။ ကျွန်တော်လည်း Decor ကလေးများကို ဘေးတဘက်သို့ကပ်ခိုင်းထားပြီး ကလေးများအတွက် အအေး သွားမှာပေးနေသော ရဲခေါင်ကိုဖုန်းလှမ်းဆက်ရသည်။

" ရဲခေါင် King Queen ကလေးတွေပါလာမှာတဲ့ အအေး ပိုမှာခဲ့ကွာ "

"အိုကေ "

ရဲခေါင်ဖုန်းချသွားသည်နှင့်သိပ်မကြာလိုက် Queen Selection ကောင်မလေးများ ဝင်လာကြသည်။ ထို့နောက် King Selection ကောင်လေးများ ဝင်လာသည့်အခါတွင်တော့ Decor Team မှ ကလေးမလေးများ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကိုသတိထားမိလိုက်သဖြင့် ကလေးတွေများ မလွယ်ဘူးဆိုသည့်အတွေးနှင့် ခပ်ဖော့ဖော့ရယ်မိသေးသည်။ ၁၆နှစ်ဆိုသည့်အရွှယ်က ဘာလုပ်လုပ်ချစ်စရာကောင်းလှသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်။ Where stories live. Discover now