Chapter 9 (Unicode)

92 8 1
                                    

ညနေစောင်းချိန်ဖြစ်နေသောကြောင့် ပတ်ဝန်းကျင်မှာ အနည်းကယ်မှောင်စပြုလာသည်။ ထို့ကြောင့် စကားစမပြောချင်သော်လည်း အိမ်ပြန်ဖို့ သကောင့်သားကိုဆော်သြရဦးမည်။

" တည်တံ့နောင် မင်း ရန်ကင်းဘယ်နားနေတာလဲ Taxi ငှားမလို့ "

"ရပါတယ် အကို တယောက်ထဲ ပြန်လိုက်ပါ "

မြင်ရဲ့လား နည်းနည်းလောက်မှ အလျော့ပေးလို့မရတဲ့ စနေနံ ၃ထပ်နဲ့ကောင်

" ဖြစ်မလား ငါတို့ အသင်းရဲ့ အစဥ်အလာက နှစ်တိုင်း စီနီယာက ဂျူနီယာနဲ့ တူတူပြန်ကြတာ ငါကမင်းကိုတယောက်ထဲထားခဲ့ပါတယ်လို့ အပြောမခံနိုင်ဘူး "

ကျွန်တော့စကားနားထောင်ပြီး မျက်ခုံးပင့်ကာခေါင်းငြိမ့်ပြီး သြော် ဒီလိုလားဆိုသည့် ပုံစံမျိုးလုပ်ပြသည်။ ရုပ်ရည်ချောမောသော်လည်း မျက်နှာလှလှနှင့် အမြင်ကပ်စရာကောင်းသောသူပါ ။

"ဒါဆို အကို ကျနော် ဗိုက်ဆာလို့ တခုခုစားတာ စောင့်ပေးနိုင်လား "

" ဗိုလ်တထောင်နဲ့ ရန်ကင်း ၂၅မိနစ်ပေါ့ကွာ အိမ်ရောက်မှစားလို့မရဘူးလား နေ့လည်စာလည်းစားထားတာကို "

"ကျွန်တော်စားခဲ့လား အရင်မေးကြည့်ပါဦး "

"ဟမ် မစားခဲ့ဘူးလား "

" အင်း အကို စောင့်မှာလား ပြန်မှာလား ကျွန်တော် ခု မစားရရင် အန်မိတော့မယ် ထင်တယ် "

ပြောလည်းပြောပြီးပြီးချင်း အန်ဖို့ ကျောင်းရှေ့က မြောင်းပိစိလေးစီပြေးသွားသော တည်တံ့နောင်ကိုကြည့်ပြီး သူတကယ်ပြောနေတာကိုသိလိုက်သည်။

ကိုယ်လည်း ဘယ်လိုဖြစ်လို့ဖြစ်သွားသည်မသိ အန်တော့မည့် ပုံလုပ်နေသောတည်တံ့နောင်ကိုမြင်သောအခါ ​ခြေထောက်များကသူ့အလိုလို ပြေးသွားမိပြီး လက်တွေကလည်း တည်တံ့နောင် ကျောကိုပုတ်ပေးမိနေသည် ။ သို့ပေမယ့် အန်နေသည့် သူကတော့ ဘာမှထွက်မလာပါ ။ အစာမရှိလို့ဖြစ်လိမ့်မည်။

" လာ လာ တခုခု စားမယ် ဒီအချိန် ကြေးမုံမှာ ခေါက်ဆွဲပြုတ်တော့ရဦးမယ်ထင်တယ် ဖြစ်လား "

ရင်မှာ ဒီလောက်ချစ်ပါသည်။ Where stories live. Discover now