Chapter 7 (Unicode)

126 10 0
                                    

ကျွန်တော်ဘယ်သူ့ကိုမှ ရှောင်နေစရာမလိုပဲ အေးအေးဆေးဆေး ကျောင်းထဲလျှောက်သွားလို့ရတဲ့ ပုံမှန်နေ့ရက်တွေပြန်ရောက်လာပါပြီ ။ ထိုနေ့ကစလို့ တည်တံ့နောင်နဲ့ စကားပြောခြင်းမျိုးမရှိတော့ပါ။ တမေဂျာထဲမို့ တခါတရံတော့ TM ဆောင် ဘက်မှာတော့ တွေ့မြင်ရတာမျိုးရှိပေမယ့် အရင်လို ကျွန်တော့ကို လိုက်စနေတဲ့ အနေအထားမျိုးမဟုတ်တော့သည့်အတွက် အတော်လေးသက်တောင့်သက်သာဖြစ်ရပါသည်။

ကျောင်းစဖွင့်တဲ့လဖြစ်တဲ့ December ရက်တွေက တခြားလတွေထပ်ပိုမြန်လေ့ရှိပါတယ်။ ဘာလိုလိုနဲ့ နှစ်သစ်တနှစ်ကူးကာ တလပိုင်းသို့ရောက်ရှိလာပါပြီ။

"လွတ်လပ်ရေးအကြို အားကစားပွဲရှိတယ်နော် ဒီနှစ် ငါတို့ လွန်ဝင်ဆွဲကြမလား " အားကစားဆိုတက်ကြွနေတတ်သည့် မင်းခန့်ကနှစ်တိုင်း ကျောင်း၏လွတ်လပ်ရေးနေ့အကြိုပွဲတွေမှာ တခုမဟုတ် တခုဝင်ပါလေ့ရှိသည်။

"ဒီနှစ်တော့တော်ပါပြီ ပွဲကြည့်ပရိသတ်ပဲလုပ်တော့မယ် အသက်တွေလည်းကြီးလာပြီ " ရယ်ကျဲကျဲနဲ့ပြောလိုက်သော ကျွန်တော့ကို ရဲခေါင်ကော မင်းခန့်က ပါ မျက်လုံးထောင့်ကပ်ပြီးကြည့်သည်။

"တော်တော်ကြီးချင်နေတယ် ဟုတ်လား " ဟုပါရဲခေါင်ကပြောသေးသည်။

"တကယ် မင်းတို့ ဝင်ပြိုင် ငါဘေးက ကြည့်မယ် မျက်မှန်ကြီးနဲ့လည်း အဆင်မပြေဘူးကွ"

"မဆိုင်တာတွေ " မင်းခန့်က မဲ့ရွှဲ့ကာရေရွှတ်ပြီး အားကစားရုံဘက်ထွက်သွားတော့သည်။

=================================
လွတ်လပ်ရေးနေ့အကြိုပွဲနေ့

ကျွန်တော်တို့ကျောင်းသည် ကျောင်းဝန်းနေရာမှာသေးသော်လည်း ကျောင်းသားအရေအတွက် သိပ်မများသောကြောင့် အဆင်ပြေသည်။ ဒီလို ပွဲနေ့များတွင်တော့ မေဂျာလေးခုလုံးကကျောင်းသားကျောင်းသူတွေ  BM ဆောင်ခန်းမရှေ့မှာစုဝေးကြတာမို့ အနည်းငယ်တော့ ပြည့်ကျပ်နေသည်။ မေဂျာစုံမှ စီနီယာ ဂျူနီယာများ ရောနှောကာ အပြေးပြိုင် အာလူးကောက် စကောရွှက် အပ်ချည်ထိုး စတာတွေကိုပြိုင်ကြပြီး ဆုရသူများကို သိပ်မများသော်လည်း မုန့်စားလောက်သည့် ပမာဏ ဆုကြေးများဆရာမကြီးနှင့် ဆရာမများကဆုချလေ့ရှိသည်။ လွန်ဆွဲပွဲကတော့နေ့လည်စာစားပြီးချိန် နောက်ပိုင်း ၃နာရီလောက်မှ စမည်ဖြစ်သဖြင့် မင်းခန့်တယောက် လွန်ဆွဲဖို့ လူလိုက်စုနေသည်။ ကျွန်တော်နဲ့ ရဲခေါင်ကတော့ ကစားပွဲ ၁ခု၂ ခုလောက်ကြည့်ပြီး ကြေးမုံတွင်ထိုင်ကာ ဟိိုဟိုဒီဒီပြောနေကြသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်။ Dove le storie prendono vita. Scoprilo ora