Chapter 3(Unicode)

118 13 0
                                    

Fresher Welcome ဆိုတာ နှစ်တနှစ်ရဲ့ အစ ကျောင်းသားကျောင်းသူ အသစ်များကို ကြိုဆိုသည့်ပွဲ အလှပဂေးလေးများ ပေါ်ထွက်သည့်ပွဲ ရင်ခုန်စရာကောင်းလွန်းသော ပွဲတပွဲဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် Fresher Welcome သည် မပျက််မကွက်တက်ရောက်သင့်သော ပွဲတပွဲဖြစ်ကြောင်း အလှပဂေးများအား စာရင်းပြုစုသူ
မင်းခန့်က ပြောသည်။ မနက်ခင်း ၉နာရီတွင်စတင်၍ ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းပြောမည်ဖြစ်သဖြင့် မနက် ၈နာရီလောက်ကတည်းကပင် Decorationတွင်အလွဲအချော်မဖြစ်စေရန် စစ်ဆေးရသည်။ မိုက်များ စက်များ တာဝန်ယူထားသူများလည်းရောက်နေကြလေပြီ ။

Performance တင်ဆက်မည့် အဖွဲ့များ ခန်းမ၏ အနောက်တွင် အဝတ်လဲသူလဲ အကတိုက်သူတိုက်နေကြသည်။ ကိုးနာရီထိုးဖို့ ၁၅မိနစ်အလိုလောက်ကတည်းက ကျောင်းသားကျောင်းသူများစုဝေးထားရသည်။ Fresher Welcome ဖြစ်သောကြောင့် အငယ်တွေကိုဦးစားပေးသည့် အနေဖြင့်ကျွန်တော်တို့ စီနီယာတွေက နောက်ဆုံးအတန်းထိုင်ဖြစ်ကြတာများသည်။

တတိယနှစ် စတုတ္ထနှစ်များရောထိုင်ကြသည့် အခါ EC ကောင်လေးက ကျွန်တော့အား တွေ့သည်နှင့် ဝမ်းသာအားရဖြင့်

"အကိုရေ ကျေးဇူးတင်လိုက်တာ အကိုဘယ်လိုပြောလိုက်တာလဲ ဟိုကလေး ချက်ချင်းပြိုင်မယ်ဖြစ်သွားတာ "

"ဟေ အေး ဒီလိုပဲ ပြောရတာပေါ့ "

"ကိုနှစ်သစ်က တော်တယ်ဗျာ "

EC ကောင်လေးဇွတ်မြှောက်နေသည်ကို အပြုံးနှင့်သာ တုံ့ပြန်ရင်း King ရရင် ဘာပြန်ပေးမလဲဆိုသော Message ကိုသတိရပြီး ရင်ထဲတော့ တချက်လေးမိသေးသည်။" ဒါပေမယ့် ရပါတယ် Like များထားလည်း မေးခွန်းမေးတဲ့နေရာကျန်သေးတာပဲ အဲ့မေးခွန်းက ငါမေးရမှာ ဒီကောင်ကဘုကလန့်ကောင်ဆိုတော့ ချောင်ပိတ်ပြီးမေးလိုက်ရင် ကောင်းကောင်းဖြေနိုင်မှာမဟုတ်ဘူး အဟဲ ကိုယ့်အတွေးနှင့်ကိုယ်တော့စိတ်အေးရသည်။

ဆရာမကြီးမိန့်ခွန်းပြီးသည်နှင့် King Selection Queen Selection များ၏ ဓာတ်ပုံများကပ်ထားသော ဘုတ် ကား စင်ရှေ့သို့ ထုတ်လာကြသည်။ ပြီးလျှင် အသဲပုံစတစ်ကာလေးများအား ခန်းမတခုလုံးရှိလူများကိုလိုက်ဝေသည်။ ပြီးသည်နှင့် MC က King Queen Selection များကိုစင်ပေါ်သို့ခေါ်တင်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်။ Where stories live. Discover now