Chapter 4 (Unicode)

111 12 0
                                    

ညကကောင်းကောင်း အိပ်မပျော်ထားသော်လည်း
ဒီမနက်ခင်း Tutorial ရှိတာကြောင့် ကုန်းရုန်းကာထရသည်။ Final Year ဖြစ်တာကြောင့် အတန်းချိန်တွေက မနက် ၈ခွဲလောက်ထဲကစနေပြီဖြစ်သည်။ ၈နာရီ ခွဲခါနီးမှ ကျောင်းရောက်သဖြင့်ဗိုက်ဟောင်းလောင်းဖြင့် အတန်းစီအရင်ပြေးရသည်။
အတန်းထဲရောက်သည်နှင့်စီးကြိုနေသော သူငယ်ချင်းနှစ်ကောင် " မြန်မြန်လာ Roll call ယူပြီးရင် ပြန်ထွက်မလို့ မင်းကိုစောင့်နေတာ "

" မင်းတို့ကလည်း အဲ့လိုတွေလုပ်လာပြန်ပြီ "

"မင်း မလိုက်ဘူးလား​ ပြော "

"လိုက်မှာပေါ့ကွ "စပ်ဖြီးဖြီးနှင့် ၃ယောက်သား Roll call ယူကာ ပထမတချ်ိန်တော့တက်လိုက်ကြသည်။ ဒုတိယတပိုင်းတွင်တော့ အိတ်များကိုထားခဲ့ကာ ပြန်မဝင်လာကြတော့ပေ ။

" ထမင်းကြော် အမဲကြော်နဲ့ တပွဲ ပေါ့ဆိမ့်တခွက် "

မနက်ခင်း စားရသည့် ကြေးမုံမှ အမဲကြော်နှင့် ထမင်းကြော်သည် အင်မတန်အရသာရှိလှသည်။ အထူးသဖြင့် ခုလို ဆောင်းမနက်ခင်းတွေပေါ့ ။ ထမင်းကြော်လာချသည့်အခါ အပီအပြင်စားနေတုန်း မင်းခန့်ထံမှ

" ညီလေး တယောက်ထဲလား ကိုယ်တို့နဲ့ လာထိုင်လေ" ဆိုသော စကားသံကိုကြားသော်လည်း ဂျူနီယာတွေကိုခေါ်ထိုင်တာပုံမှန်ဖြစ်တာကြောင့်မလို့ အထွေအထူးမတားဖြစ်လိုက်ပါ။

မင်းခန့် စကားသံဆုံးသည်နှင့် ကျွန်တော့ရှေ့တည့်တည့်တွင် လူတယောက်လာထိုင်သည်။ ထမင်းကြော်လည်းကုန်သွားတာကြောင့် ပေါ့ဆ်ိမ့်လေးသောက်ရင်း ထိုလူအားနှုတ်ဆက်မည်အလုပ်

" အဟွတ် အဟွတ် " သောက်လက်စ လက်ဘက်ရည်ပင်သီးသွားရသည်။

စောစောစီးစီးထဲက တည်တံ့နောင်နှင့်တွေ့နေရလေပြီ ။ လက်ဘက်ရည်သီးသည်နှင့် တစ်ရှူးဘူးထဲမှ တစ်ရှူး ကိုထုတ်ကာ ကျွန်တော့ လက်ထဲ ကမ်းလာပေးသော​သကောင့်သားက ရဲခေါင်နဲ့ မင်းခန့်အတွက်တော့မထူးဆန်းပေမယ့် ဒိီကောင့်အကြောင်းကျွန်တော်သာသိသည်။

" ကျွန်တော်အတန်းရှိလို့ သွားလိုက်ပါဦးမယ် "

ပိုက်ဆံလည်းရှင်းပြီး ထထွက်သွားသော ကိုယ်တော်ချောကို စိတ်ထဲကကြိတ်ပြီးကျေးဇူးတင်နေမိသည်။ သူသာထထွက်မသွားရင် ကျွန်တော် အတော်နေရခက်နေလိမ့်မည်။ ဒီနေ့ကျ နက်ပြာရောင်ရှပ်အင်္ကျီနှင့် ပုဆိုးတို့ကိုတွဲဖက်ဝတ်ဆင်ထားပြီး ပိုက်ဆံအိတ်နှင့်ဖုန်းကိုသာကိုင်ထားတာကြောင့် ပုံစံက ၁၆နှစ်သားနဲ့ သိပ်မတူပေ လွယ်အိတ်တော့အခန်းထဲထားခဲ့ပုံရသည် ။

ရင်မှာ ဒီလောက်ချစ်ပါသည်။ Opowieści tętniące życiem. Odkryj je teraz