Chapter 6 (Unicode)

106 9 0
                                    

" မင်း စနေနေ့က အပြတ်ရှင်းလိုက်လား " ကျောင်းရောက်သည်နှင့်ရဲခေါင်၏ မေးခွန်းကစီးကြိုနေသည်။

" ရှင်းတော့ရှင်းလိုက်တာပဲ ဒါပေမယ့် မရှင်းသေးဘူးထင်တယ် "

" မင်းစကားကလည်း တသက်လုံးလာကပ်သမျှ မိန်းကလေးတွေကို ရှင်းလာတဲ့ မင်းက ဒီကလေးနဲ့မှ မစွမ်းတော့တာလား "

" မသိပါဘူးကွာ တော်ပြီ မေးမနေနဲ့တော့ စိတ်ရှူပ်ရတဲ့ထဲမှ " အတန်းထဲ ဆရာမလည်းဝင်လာသဖြင့် စကားစဖြတ်လိုက်သည်။ Final Year ဖြစ်တာကြောင့် ဝင်လာသည့် ဆရာမတိုင်းက Project များ တန်းစီနေအောင်ပေးသည်ကတော့ရှောင်လွှဲမရသော အရာဖြစ်သည်။

" မြန်မြန်လုပ် ကန်တင်းသွားမယ် ငါ့ညီမလေး ရောက်နေပြီ " အတန်းထဲကထွက်ဖို့ ဆရာမ ခြေလှမ်းစရုံရှိသေးတယ် ကန်တင်းသွားဖို့ သိပ်တက်ကြွနေသော မင်းခန့်က မသင်္ကာစရာကောင်းလှသည်။

"မင်း ညီမ ကရှစ်တန်းပဲရှိသေးတာမဟုတ်ဘူးလား "

" သွေးမတော်သားမစပ် ညီမလေးကိုပြောတာကွ "

နှစ်တိုင်းပထမနှစ်က ညီမလေးတယောက်လောက်နဲ့မှ အီစီကလီမလုပ်ရရင် အိပ်မပျော်စားမဝင်တဲ့ကောင်ဆိုတာမျိုး ။

ကန်တင်း ၂ခုထဲသာ ရှိနေတဲ့ ကျွန်တော်တို့ကျောင်းသည် နေ့လည်စာစားချိန် အတန်းများအားလုံးစုပြုံဆင်းသည့်အချိန်တွင် ကန်တင်းကပြည့်ကျပ်လို့နေသည်။ ကန်တင်းထဲ စဝင်လိုက်သည်နှင့် မင်းခန့်ကြောင်နေသည့်ကောင်မလေးဟုယူဆရသောကောင််မလေးက လက်လှမ်းပြကာ သူတို့စားပွဲဝိုင်းကိုခေါ်သည်။ ပုံမှန်ဆို ရဲခေါင်နဲ့ ကျွန်တော်ကသက်သက်ဝိုင်းတခုမှာထိုင်လေ့ရှိပေမယ့် ဒီနေ့တော့ လူများနေတာကြောင့်ကော မင်းခန့်မျက်နှာကြောင့်ကော ပေါင်း ထိုင်ဖြစ်လိုက်သည်။ မင်းခန့် ကောင်မလေး အပါအဝင် စုစုပေါင်း မိန်းကလေး ၃ယောက် ဝိုင်းဖြစ်သည်။

"ငါအအေးသွားမှာဦးမယ် မင်းတို့ သောက်ဦးမှာလား" ထမင်းစားရင်သောက်စရာတခုခုနဲ့မှစားဝင်သော ကျွန်တော်က လက်ဘက်ရည်မဟုတ်ရင် အအေးမှာလေ့ရှိသည်။ ဒီနေ့ထိုင်တဲ့ကန်တင်းကကျောင်းထဲကဖြစ်သောကြောင့် လက်ဘက်ရည််မရပါ ။ ထို့ကြောင့် အအေးမှာရမည်။

ရင်မှာ ဒီလောက်ချစ်ပါသည်။ Where stories live. Discover now