Chapter 8 (ZawGyi)

45 2 0
                                    

တချို့အရာတွေကလည်းရှောင်ထားကာမှတည့်တည့်တိုးတာမျိုးလည်းရှိသေးသည်။ ဥပမာ ကျွန်တော်နဲ့တည်တံ့နောင်ပေါ့....

ကျွန်တော်တို့မေဂျာပေါင်းစုံမှ ကျောင်းသားကျောင်းသူများစုစည်းကာ ဖွဲ့စည်းထားသော ပရဟိတအသင်းလေးရှိသည်။ NMDC ကျောင်းသားတိုင်းမပါဝင်သော်လည်း လူအား ငွေအားနဲ့ တော်တော်များများက လိုအပ်ရင်လိုအပ်သလိုပါဝင်ပေးကြသည်။ ဒီနှစ်လည်း ရန်ပုံငွေအတော်အသင့်လေး ရလာတာမို့ တကယ်လိုအပ်နေသည့် လှူရမည့်နေရာကိုမဲပေးကာဆုံးဖြတ်ကြတော့သည်။ ထိုအသင်းသည် ယခုထိတိုင် ကျောင်းပြီးသွားသော စီနီယာများက ငွေအား လူအားဖြင့်ပါဝင်ပေးနေကြပြီး ပထမနှစ်ကလေးများကလည်း တက်ကြွစွာပါဝင်ပေးကြသည်။ ဒီတပတ် Weekend စနေနေ့တွင် တွံတေးမြို့တွင်ရှိသော မိဘမဲ့ကျောင်းသို့ အဖွဲ့ဝင်အားလုံးနှင့် သွားလှူကြမည်။ တွံတေးမြို့သည် နေ့ချင်းပြန်သွားနိုင်သော အကွာအဝေးတွင်တည်ရှိပြီး ထိုကျောင်း၏ ဆရာတော်ကလည်း ကလေးများအတွက် အမှန်တကယ် ကူညီပေးနေသောကြောင့် ရွှေးချယ်လိုက်ကြခြင်းဖြစ်သည်။

"မနက် ၇ နာရီ အရောက်လူစုပေးကြပါ " ရဲခေါင်ထပ်ထည့်ပေးထားသောလူသစ်များပါရှိသည့် Group ထဲ စာပို့ကာ Inform ပေးရသည်။ ဒီနှစ် ပထမနှစ်ကလေးများ အတော်လေးများသည်။ စာပို့အပြီး seen ပြကာ Reply ပြန်လာကြသော ကလေးများ များလွန်းတာကြောင့် ဝင်ကြည့်ရုံတင် ကြည့်ကာ ဖုန်းကို နှိုးစက်ပေးကာအိပ်လိုက်တော့သည်။

===================================ဆောင်းတွင်းဖြစ်တာကြောင့် မနက်ခင်းစောစောက အေးအေးလေးဖြစ်ကာ အတော်လေးနေလို့ကောင်းလှသည်။အနည်းငယ် အေးနေသော်လည်း သိပ်မထူလွန်းပဲ သက်တောင့်သက်သာဖြစ်ပြီး တနေကုန်အဆင်ပြေနိုင်မည့် အနက်ရောင် စပို့ရှပ်ကိုခံကာ အသားရောင် တီရှပ်ကိုထပ်ဝတ်လိုက်သည်။ ဘောင်းဘီကိုလည်းသက်တောင့်သက်သာဖြစ်မည့် ဂျင်းပွပွရွှေးဝတ်ကာ ခေါင်းလိမ်းဆီလိမ်းကာ ပြင်ဆင်မှုကိုအဆုံးသတ်လိုက်သည်။ ကားငှားထားတာကြောင့် ဒီနေ့တော့ကားယူသွားစရာမလိုပါ။ နှစ်တိုင်းပြန်လျှင် နီးစပ်ရာ လူများစုကာ ပြန်ကြသောကြောင့်အဆင်ပြေသည်။ မနက် ၆နာရီခွဲသာရှိသေးသော်လည်းစုရပ် မှာအတော်လေးလူစုံနေပြီဖြစ်သည်။ မင်းခန့်ကတော့ ကောင်မလေးပါအတူရောက်နေပြီး ရဲခေါင်တော့ ရောက်မလာသေးပါ။

ရင်မှာ ဒီလောက်ချစ်ပါသည်။ Where stories live. Discover now