ဟန်ဆောင် မူပို

8K 23 0
                                    

အထက်တန်းကျောင်းကြီးရဲ့ တစ်စင်းထဲသော လမင်းလေး သော်တာ ဟုသတ်မှတ်ခြင်းခံထားရသည့် ကောင်မလေးရဲ့ ဘဝမှာ ပန်းကလေးများကဲ့သို့ မလှပရှာပေ။ အမေမုဆိုးမကြီးနဲ့ ညီမငယ်တစ်ယောက် တို့နဲ့ အတူ ချို့တဲ့ဆင်းရဲစွာ နေရရှာ၏။ အမေမုဆိုးမကြီးက အကြော်ရောင်း ၊ရပ်ကွက်ထဲအဝတ်တွေလိုက်လျော်နဲ့သမီးနှစ်ယောက် အကူအညီယူကာဘဝကိုရုန်းကန်နေရသည်။ ထို့ကြောင့် အကြီးဆုံးသမီးဖြစ်နေသည့် သော်တာမှာငါးတန်း ၊ ခြောက်တန်းကျောင်းသူအရွယ် ကတည်းက မိခင်မုဆိုးမကြီး နဲ့ အတူ အဝတ်တွေ လိုက်လျှော် ၊ ရပ်ကွက်တွေပတ်ပြီးအကြော်လိုက်ရောင်းခဲ့ရသည်။ ဆင်းရဲသည့် ဒဏ်ကိုကောင်းစွာခံစားရသည့်အတွက် သော်တာမှာ အလွန်ပင် ချမ်းသာချင်သည်။ ကျောင်းခန်းထဲက ရွယ်တူကောင်မလေး တွေဝတ်သည သော်တာဝတ်ဖူးချင်သည်။့် ဂါဝန်လှလှလေးတွေမျိုး ဒီလိုဆင်းရဲနွမ်းပါးသည့်ကြားကပင် သော်တာ တစ်နှစ်တစ်တန်းမှန်မှန်အောင်ခဲ့သည်။ ချို့တဲ့ မှုကြောင့် ကျောင်းကိုနောက်ကျမှတက်ခဲ့ရ သဖြင့် သူမအသက် ၁၆နှစ်တွင် ရှစ်တန်းသို့သာရောက်ခဲ့ရသည်။ သက်တူရွယ်တူတွေက ၁၀တန်း ၊ ၁၀တန်းအောင်အရွယ်ဖြစ်သော်လည်း သော်တာမှာ ၈တန်းကျောင်းသူသာဖြစ်ခဲ့သည်။

ဒါပေမဲ့ သူမက ၈တန်းအကျောင်းသူအရွယ်မှာ အပျိုဖြစ်နေပြီမို့ ဖွံ့ထွား နုပျိုလှပတဲ့ အလှအပတွေပိုင်ဆိုင်လာခဲ့သည်။ ရှစ်တန်းကျောင်းသူ ပေမဲ့ သူမကအပျိုအရွယ်လေးတစ်ယောက်နှင့် မလိုက်အောင်ပင် အလုပ်များလုပ်ခဲ့ရသည်။ အထူးသဖြင့် မနက်စောစောကျောင်းမသွားခင် အကြော်ဗန်းကိုခေါင်းမှာရွက်ပြီး တစ်မြို့လုံးလှည့်ကာအကြော်ရောင်းရသည်။ တဖြည်းဖြည်းနှင့် သော်တာတစ်ယောက် မြို့အနှံ့လှည့်လည်ကာအကြော်ရောင်းရခြင်းကို ရှက်ရွံ့စပြုလာသည်။ ထို့ကြောင့်ပင် မိခင်ကြီးနှင့်အတိုက်ခံပြုပြီး အကြော်ရောင်းသည့် တာဝန်ကို ညီမငယ်ဖြစ်သူထံ လွှဲအပ်လိုက်သည်။ ထို့နောက်ပိုင်းတွင် သော်တာအတော်ပြောင်းလဲလာခဲ့သည်။ သူမအတွက်လိုအပ်မှုတွေကလည်းများပြားလာသည်။ သူများနည်းတူဝတ်စားလိုခြင်းနှင့် ပိုမိုလှပလိုခြင်းပင်ဖြစ်သည်။ ထိုရှစ်တန်းနှစ်မှာပင် သော်တာရည်းစားထားတတ်လာသည်။ ကိုယ့်ကိုကိုယ်လည်းလှပအောင် ခြယ်မှုန်းပြင်ဆင်တတ်လာသည်။

အပြာစာWhere stories live. Discover now