(part-1)

6.3K 294 5
                                    

Unicode📌

မိုးတွေ သည်းမဲစွာ ရွာနေသော ညတစ်ည..။
မိုးချုန်းသံတွေများကလည်း Seoulမြို့တစ်ခွင်ကို
လွမ်းခြုံထား၏။

မိုးများကြားထဲမှာမှ အသက် 30ကျော်ခန့်အမျိုးသမီးကြီး တစ်ဦးက
ညကြီး သန်းခေါင်ကျော် တစ်ယောက်ထဲ
လက်လျှောက်ထွက်လာခဲ့သည်..။

သူမ၏ လက်ထဲမှာ အဖြူရောင်ပိတ်စနဲ့
လုံးချည်ထားသော အရာကို လက်နဲ့ပွေ့ပိုက်ရင်း
သူမက မိုးချုန်းသံများကို အံတုကာ
တစ်နေရာကို ရောက်ဖို့သာ စိတ်လောနေ၏။

"အူဝဲ...အူဝဲ..."

တိတ်ဆိတ်နေသော ညကြီးမှာမှ ထွက်ပေါ်လာတဲ့
ကလေးငိုသံ...။

တစ်ခြားနေရာကမဟုတ်...သူမ၏လက်၌ ပွေးပိုက်ထားသော အဖြူရောင်အထုပ်လေးမှာ
သုံးလသာ ရှိသေးသည့် ကလေးငယ်တစ်ဦးဖြစ်လို့နေသည်။

"တိတ်" နေစမ်း နင့်ကြောင့်ငါ ဒုက္ခ များနေရအုံးမယ်
မွေးလာကတည်းက သော/က် ကောင်းကျိုးကိုမပေးဘူး...ဟူးး"

"အဟင့်...အဟင့်...အူးဝါး"

သူမရဲ့မာန်မဲသံကြောင့် ကလေးငိုသံကပို၍ကျယ်လာပြန်သည်..။

"အားးရှ် ငါစိတ်ညစ်လိုက်တာ...
မွေးကတည်းကအသေလေး မွေးလာသင့်တာဟဲ့..!"

ပါးစပ်ကလည်း တစ်ဖွဖွပြောနေရင်း အားနဲ့မာန်နဲ့
လျှောက်နေသော သူမ..။

လက်ထဲကအနှီကလေးငယ်မှာတော့ ကြမ်းတမ်းစွာ အညစ်ခံထားရမှုကြောင့် နုနယ်လှသော
ကလေးငယ်က အသက်ရှူရပ်မတက်
ပင့်သက်ကာ ရှိုက်ငိုနေရင်း မိခင်ခေါ်ဆောင်သွားရာ
နေရာကို လိုက်သွားရလေတော့သည်။

"ရောက်ပြီ...အဟက် ဒီမှာဘဲနေလိုက်တော့
နင့်အဖေက ငါ့ကိုဗိုက်ရအောင်လုပ်ပြီး
နင့်ကိုမွေးပြီးတော့မှ ငါ့ကို ပြစ်သွားတယ်တဲ့လား
ဟားး ဘယ်လောက်တောင်ရူးမိုက်လိုက်ခြင်းလဲ
သေစမ်းဟဲ့...ခွေးစားရင်စား မစားရင်လည်း
ငတ်သေရမှာဘဲ...စော/က်ကျိုးမရှိတဲ့ အကောင်"

ကလေးငယ်လေးကို ညောင်ပင်ကြီးရဲ့အောက်မှာ
ချထားလိုက်ပြီး နောက်ဆုံးအနေနဲ့ သူမ ထိုကလေးကို
သေချာကြည့်လိုက်မိသည်။

Pain is He (completed)Where stories live. Discover now