(part-13)

2.6K 167 7
                                    

Unicode📌

တစ်အိမ်လုံး သန့်ရှင်းပြီး၍ ခြေလက်သန့်စင်
လိုက်ကာ အနားယူရန် အိမ်ထဲသို့ ပြန်ဝင်လာသည်။

လူကလည်း အတော်နုံးချိနေသလို ဟိုနေရာကလည်း
ထပ်နာပြန်ပြီးမို့ ဆေးလိမ်းရန် အရင်ကိုယ်လက်သန့်စင်သည်။

​တက်လာကတည်းက မောင့်ကိုရော အန်တီကိုရော
မတွေ့တော့တာမို့ အိမ်မှာမရှိတော့ဘူးလို့ထင်တာဘဲ။

ဒါပေမယ့် သူစိတ်လေးလံထိုင်းမိုင်းနေသည်။
တစ်စုံတစ်ခု ဆုံးရှုံးသလို ခံစားချက်မျိုး။

*ဟူးးးး*

သက်ပျင်းရှည်ကြီး ချပြီးနောက် အေးစိမ့်သောရေများ
ကိုယ်ပေါ် လောင်းချလိုက်သည်။

အေးစိမ့်စိမ့်ရေတွေ ကိုယ်ပေါ်ကျဆင်းသွားသည်နှင့်
ပင်ပန်းမှုတွေက အလိုလို ပျောက်သွားသလိုပင်။

အကြာကြီးလည်း ရေမချိုးရဲ....
သူ့အကြောင်း သူအသိဆုံးမို့...။

••••••••••••••••••••••••••••••

အခု သူရောက်နေတာက စားသောက်ဆိုင်လေးတစ်ခု။

ဗိုက်ဆာတာကြောင့် လာဝယ်စားခြင်းသာ။
ဒီဆိုင်က Seoulမှာ နာမည်အကြီးဆုံးလို့ သိရသည်။

ဒါကြောင့်လည်း လူအဝင်အထွက်ကျပ်သည်မှာ
မဆန်းလှပေ။

မှာထားသော အစားအစာများရောက်သည်နှင့်
သူခေါင်းမဖော်တမ်း စားတော်သည်။

ဘယ်လောက်တောင် ကြာခဲ့ပြီလဲ....
ဒီလိုလေးမစားရတာ အိမ်ထောင်ကျပြီးနောက်ပိုင်း
သူဟာ ဖြစ်သလိုစားနေခဲ့ရတာလေ။

အခုလို ပြန်စားရတော့ မျက်ရည်တောင်လည်မိသည်အထိ။
တစ်ဆက်တည်းမှာဘဲ ဖွားရဲ့ လက်ရာအား
လွမ်းဆွတ်ပြန်သည်။

*ယောင်းငယ် အဖွားဆီပြန်လာလည်မှာပါ
ခနလေးဘဲ စောင့်ပေးပါဦးးး
ယောင်းငယ်လာလည်တဲ့ခါကျ ဖွားဖွားသိပ်ကြိုက်တဲ့
ဆန်မုန့်လေးတွေ ဝယ်လာခဲ့မယ်*

အတွေးနဲ့အတူ သူကချစ်စဖွယ်ပြုံးရင်း
ပလုတ်ပလောင်းလေးနဲ့ စားပြန်သည်။

သို့သော်.........။

စားနေရင်းနဲ့ သူ့ဦးခေါင်းမှ ပဲနှစ်ဟင်းရည်များ
ကျလာသည်။

Pain is He (completed)Where stories live. Discover now