(part-10)

2.8K 165 12
                                    

Unicode📌

ခံုတန်းလေး တစ်ခုမှာ ထိုင်နေသော သူ...။

တင့်တယ်လွန်းသော အဖြူရောင်မင်္ဂလာအင်္ကျီကတော့
ရစရာမရှိအောင်ကို ညစ်ပတ်ပေစုတ်နေပြီ။

အခုချိန်လောက်ဆို ပွဲပျက်နေလောက်ရောပေါ့။
သူဒီလို မဖြစ်စေချင်ပါ...ဒါပေမယ့် မောင့်ရဲ့
ရက်စက်တဲ့ စကားတွေကို သူမှနားမထောင်နိုင်တာ..။

ထိုအိမ်ကြီးဆီ မပြန်ချင်ပေမယ့်လည်း
သူအားတင်းပြီးတော့ ပြန်ရမည်။

လေးလံသော ခြေလှမ်းတွေနဲ့ ပြန်လာတယ်ဆိုပေမယ့်လည်း သူမလာချင်ဆုံးသော
အိမ်ကြီးရှေ့ ရောက်ခဲ့ပြီ။

အိမ်ထဲဝင်တော့ sofaမှာ ခြေချိတ်ကာ ထိုင်နေတဲ့
မောင့်မေမေ...။

"ပြန်လာပေးတာဘဲ"

သူမရဲ့ ခနဲ့တဲ့တဲ့ စကား...

"ဟုတ်"

"ထိုင်ဦး ပြောစရာရှိလို့"

"ပြောပါ အန်တီ"

"ဒီစာချုပ်မှာ လက်မှတ်ထိုးပေး"

အပြောနဲ့အတူ ပစ်ချလိုက်တဲ့ စာရွက်များ...
နားမလည်သော အကြည့်နဲ့ ပြန်ကြည့်တော့ သူမဆီမှ

"မင်းတို့အတွက် စာချုပ်လေ
အိမ်ထောင်သည်တွေ ဖြစ်နေပြီဘဲ
ကတိစာချုပ်လေးတော့ လုပ်ရမှာပေါ့"

ထယ်ယောင်းလည်း ဘာစကားမှမဆိုဘဲ
ထိုစာချုပ်ပေါ်မှာ သူ့ရဲ့လက်မှတ်သာ ထိုးလိုက်သည်။

စာချုပ်မှာပါတဲ့ အချက်အလက်တွေကို စိတ်မဝင်စားသလို
ကျောင်းပြီးအောင်မတက်ရတဲ့ သူ့အဖို့
ဖတ်တက်မှာလည်း မဟုတ်ပေ။

ထိုအခါ ကျေနပ်စွာ ပြုံးနေသော မောင့်မေမေ။
ထိုစာချုပ်က သူ့ဘဝကို ချယ်လှယ်မယ့်
သံကြိုးဆိုတာကို သိခဲ့ရင်ဖြင့်.....။

"အပေါ်ထပ်က ညာဘက်ထောင့်မှာ အရင်နေလိုက်
နောက်နေ့ ငါမင်းတို့ကို အိမ်ပြောင်းပေးမယ်"

"အော် ပြီးတော့ သားဂျွန်မရှိဘူး
မျှော်နေမှာစိုးလို့"

သူပြုံးမိတယ်...။
ဘာစကားမှတော့ မဆိုဖြစ်။

ကျွန်တော်ဘဝကို ကြိုက်သလို ချယ်လှယ်ကြပါတော့.....
ကိုယ်မပိုင်တဲ့ ကျွန်တော့ရဲ့ ဘဝကို
စိတ်ကြိုက် ကစားလှည့်ပါတော့...။

Pain is He (completed)Where stories live. Discover now