(part-21)

3.5K 180 13
                                    

Unicode📌

နှင်းတောထဲက နှစ်ထပ်အိမ်ကလေး။

နှစ်ထပ်အိမ်ကိုမှ အပေါ်ပိုင်း ပန်းဆီရောင် ဆေးသုတ်ထားပြီး အောက်ထပ်ကိုတော့
ခရမ်းရောင် သုတ်ထားသည်။

ခြံဝန်းထဲက အုပ်မိုင်းမိုင်းရှိနေတဲ့ တယ်ပင်ကြီးမှာလည်း
နှင်းတွေကို သယ်ထားရသည်မို့
အဝေးကနေကြည့်ရင် နှင်းလုံးကြီးလို့တောင် ထင်ရသည်။

တယ်ပင်ကြီးဘေးမှာ ဒန်းတစ်ခု။

ခြံ၏ ညာဘက်ထောင့်မှာတော့ အပန်းဖြေဖို့တွက်
မြက်ခင်း စိမ်းစိမ့်လေးတွေစိုက်ထားပြီး
ထိုမျက်ခင်းလေးပေါ် နှင်းစက်ကလေးများက ဖွေးနေအောင် ပြန့်ကြဲနေသည်။

ကောင်းကင်ယံကနေ တစိမ့်စိမ့်ကျလာတဲ့ နှင်းတွေကို
ငေးကြည့်ရတာလောက် သဘောကျတာမရှိပေ။

ထယ်ယောင်းက နှင်းတွေနဲ့ ဆော့ဖို့အတွက်
အနွေးထည်ခပ်ကြီးကြီးကို ဝတ်ထားရသည်။

သိုမွှေးလက်အိတ်လေးရယ် ဝက်ဝံပုံထိုးထားတဲ့
ချည်သားခေါင်းဆောင်းလေးရယ်နဲ့ ထယ်ယောင်းက
ဆောင်းတွင်းဘက် ကျင်လည်ကျက်စားနေတဲ့
ပိုလာဝက်ဝံလေးနှင့် အသွင်တူနေသည်။

အအေးဒဏ်ကြောင့် မို့ဖောင်းဖောင်းပါးကလေးရယ်
နှာခေါင်းလုံးလုံးလေးရယ်က စတော်ဘယ်ရီသီးအလား
နီရဲလို့ နေပြန်သည်။

"ဝူးးဟူးးး"

နှင်းတွေကို လက်နှစ်ဖက်နဲ့ ယူကာ  အပေါ်ကို လွှင့်တင်ပြီး ဆော့နေတဲ့ ထယ်ယောင်းက
နှင်းတွေနဲ့ အပြိုင်လှနေသည်။

"ဟေ့"

"ဟာ အကိုဘိုဂမ်"

"ဟောကွာ လာဆော့နေပြန်ပြီ
ထယ်က ကလေးလား ဟင်"

"ဟာ ထယ်ဆော့ချင်တာ မဟုတ်ဘူး
ဒီထဲက သေးသေးလေးဆော့ချင်လို့ပါနော် ဟွန့်"

"အမယ် လူလည်လေး"

"ဟီးဟီး"

သွားတန်းစိစိလေးတွေနဲ့ ရယ်ပြနေတဲ့အကောင်ပေါက်လေးက
ဘိုဂမ်မျက်ဝန်းထဲမှာတော့
Winter bearလေးလို။

အခုလည်း သူလေးက နှင်းတွေကြားမှာ
နှင်းလူသားလုပ်လို့နေပြန်သည်။

Pain is He (completed)Where stories live. Discover now