(part-18)

3.2K 180 10
                                    

Unicode📌

တိုက်ခန်း တစ်ခန်းမှာ အငြင်းပွားသံများက
အပြင်သို့ ပြန့်နှံ့လျက်ရှိသည်။

တစ်စထက် တစ်စ ပိုကျယ်လာသော ရန်ဖြစ်သံတွေက ကြားရသူအဖို့ နှာခေါင်းရှုံစေသည်။

"ပြောသားဘဲ ဘွားတော်ကြီးက ဉာဏ်များပါတယ်ဆို"

"ကိုယ့်မာမီကို အဲ့လိုမပြောနဲ့လို့ ပြောထားတယ်လေ!"

"ပြောမှာဘဲ ဂျွန်ကသာ အဲ့ဘွားတော်ကြီးကို
ကာကွယ်ပေးနေတာ ဟိုက ဂျွန့်သဘောထားကို
အရေးတောင် ထားလို့လား"

"ဘာဖြစ်ဖြစ် အဲ့တာကိုယ့်ရဲ့ အမေဘဲလေ
မင်းထက် အသက်ကြီးတယ်"

"ဘာလဲ အဲ့တော့ဂျွန်က မီယောင်းကို
စိတ်ကုန်နေပြီလို့ ပြောချင်တာလား"

"စိတ်ကုန်တာ မဟုတ်ဘူး စိတ်ပျက်မိတာ
အရင်က မီယောင်းနဲ့ တစ်ခြားဆီဘဲ"

"ဟုတ်တယ် ဂျွန့်ဘဝထဲ ဟိုကောင်ဝင်လာကတည်းက
မီယောင်း ပြောင်းလဲသွားတာလေ အေးးး
တာဝန်မယူရင်တော့ တရားရုံးထိတက်မှာ"

"ကိုယ့်ရဲ့ ကလေးလို့သာ ပြောတယ် မီယောင်းနဲ့က
တစ်ခါမှ အတူနေဖူးတယ်လို့ မခံစားရဘူး"

ဂျွန့်စကားကြောင့် အပျက်ပျက်အယွင်းယွင်း
ဖြစ်သွားတဲ့ သူမ မျက်နှာကို ပြင်လိုက်ရင်း

"ဂျွန်က မူးနေလို့ပေါ့ မီယောင်းဘဝကို
ဖျက်ဆီးပြီးမှ မီယောင်းကို ထားခဲ့တော့မှာလား"

"ဟင်းးး ကိုယ်မင်းကို တာဝန်ယူပါ့မယ်ကွာ"

"အဲ့တာကြောင့် ဂျွန့်ကို ချစ်နေရတာ ခိခိ"

ဂျွန်ရဲ့ ရင်ခွင်ထဲဝင်လိုက်ပြီး ကျေနပ်ပြုံးကို
ဟန်ပါပါ ပြုံးလိုက်တယ်။

လီမီယောင်းဆိုတာ ဒီလိုလူစားဘဲ...။

ဂျွန်ဂျောင်ကုမှာ အတွေးထဲ မျောနေလျက်။

မာမီက ကွာရှင်းခိုင်းမယ့်အကြောင်းထပ်ပြောရင်
အမွေဖြတ်မယ်တဲ့။

ကမ်ထယ်ယောင်းထိုးထားတဲ့ စာချုပ်ကလည်း

~ကွာရှင်းခဲ့သည်ရှိသော် ငွေသိန်းတစ်ထောင်
လျော်ရမည်။
မလျော်နိုင်ပါက ထောင်10နှစ်ကြမည်~
ဆိုတဲ့အချက်လည်း ပါနေခဲ့သည်။

Pain is He (completed)Where stories live. Discover now