(part-15)

2.9K 153 7
                                    

Unicode📌

At jk's side....

ဟိုနေ့က ကိစ္စဖြစ်ပြီးသည်နှင့် သူကမ်ထယ်ယောင်းအား ရှောင်နေမိသည်။

မီယောင်း သူ့အပေါ်အ့လိုလုပ်နေချိန် အမည်ဖော်မတက်သော ဝေဒနါက ရင်မှာကပ်တွယ်နေတယ်ဆိုတာကို သတိထားမိပါသည်။

ဒါပေမယ့်လည်း သူဟန့်မတားခဲ့။
သူချစ်ရတဲ့ မိန်းကလေးပျော်ရင်ပြီးတာဘဲ
ဆိုတဲ့စိတ်နဲ့သာ လွှတ်ထားလိုက်တာ။

မြင်ခဲ့ရတာပေါ့ ကိုယ့်ကိုကြည့်နေတဲ့ သူ့ရဲ့ဝမ်းနည်းရောင်သန်းတဲ့ မျက်ဝန်းတွေ။

အမှန်ဆို ကမ်ထယ်ယောင်းမှာ အပြစ်မရှိပါဘူး
မာမီရဲ့ စနက်ကြောင့်သာ သူ့ဘဝထဲ
ကမ်ထယ်ယောင်းဝင်လာခဲ့ရတာလေ။

အမြဲတမ်းခေါင်းငုံပြီး မာမီရဲ့ပြောဆိုသမျှတွေကို
သည်းခံနေခဲ့တဲ့ ခင်ဗျားကို ကျုပ်ကဘာလို့
အနိုင်ကျင့်မိနေတာလဲ။

သူနဲ့မှားခဲ့တဲ့နေ့က ပြီးစလွယ်မေ့ပြစ်ပေးဖို့
ပြောလိုက်ပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့
တစ်ခုခုပြန်ခံပြောစေချင်တာ။

ဒါပေမယ့်လည်း အမိန့်နာခံတဲ့ ခွေးပေါက်လေးပမာ
သူ့ရဲ့စကားကို မငြင်းဆိုဘဲ
*ထယ်က ယောက်ျားလေးဘဲလေ ကိစ္စမရှိပါဘူး*
တဲ့...။ အံ့ဩသွားခဲ့မိတာ...ဒါကြောင့်လည်း*အင်း*
လို့ဘဲ ပြန်ပြောခဲ့တာပေါ့။

အရမ်းနာမယ်ဆိုတာကိုသိပေမယ့် သူဟာလျစ်လိူရှု့ထားမိတယ်လေ။

ဒီမနက် မာမီကအပြင်သွားမို့ ခေါ်တာကြောင့်
လိုက်သွားခဲ့ရတယ်။
ဟိုရောက်တော့ သူမသူငယ်ချင်းနဲ့တွေ့ပြီး
အပြင်လျှောက်လည်ဦးမယ်ဆိုလို့ သူပြန်လာခဲ့လိုက်တာ။

ဒါပေမယ့် မမျှော်လင့်သော မြင်ကွင်းနဲ့
ဆုံခဲ့ရတယ်လေ။

ကမ်ထယ်ယောင်းနဲ့ လီချွန်းဆူ....
လီချွန်းဆူဆိုတဲ့ကောင်က ကျောင်နေကတည်းကပင်
သူနဲ့အရာရာ ယှဥ်ပြိုင်တက်တဲ့သူ...။

မိန်းကလေးများစွာရဲ့ အပျိုရည်ကို ဖျက်ဆီးသူဆို
ပိုမှန်လိမ့်မည်။

လီချွန်းဆူက ကမ်ထယ်ယောင်းလက်ကိုင်ထားတာမို့
သူ့ရင်တစ်ခုလုံး အကြောင်းပြချက်မရှိ ပူလောင်လာရသည်။

Pain is He (completed)Where stories live. Discover now