(part-20)

3.6K 191 9
                                    

Unicode📌

At JK side!

မာမီနဲ့ အခြေအတင်ဖြစ်ပြီးကတည်းက
မီယောင်းဆီမှာဘဲ လိုက်နေဖြစ်တယ်။

ချစ်ရတဲ့မိန်းကလေးနဲ့ အတူနေရတာ
ပျော်တယ်ဆိုပေမယ့်လည်း သူ့ရဲ့စိတ်က
အမြဲတမ်း လေးလံလို့​ေနသည်။

အမြဲတမ်း မာမီကို ကလန်ကတန် လုပ်ခဲ့ပေမယ့်
အိမ်ကနေထွက်လာတဲ့အထိ တစ်ခါမှ မဖြစ်ဘူးပေ။

မီယောင်းကလည်း သူနဲ့အတူနေချိန်မှစ၍
အပြောအဆိုတွေကော နေထိုင်မှုပုံစံတွေကအစ
ပြောင်းလဲလာသည်။

ဒါပေမယ့်လည်း ချစ်ရသူမို့ ကိုယ်ဝန်ရှိရင်
အတွင်းစိတ်တွေ ပြောင်းလဲတာဖြစ်မှာပါ ဆိုတဲ့
အတွေးလေးနဲ့ အရာရာခွင့်လွှတ်ထားပါသည်။

အခုချိန်မှာ မာမီဘယ်လိုနေမလဲဆိုတာ သိချင်ပေမယ့်
တင်းခံနေတဲ့ မာနလေးရယ်ကြောင့် ဖုန်းနဲ့အဆက်အသွယ်တောင် မလုပ်ခဲ့ပေ။

ပြီးတော့ ကမ်ထယ်ယောင်း...။
သူကရော အခုဆို ဘယ်လိုနေမလဲ

သူ့ကိုလူအများရှေ့ ပြောခဲ့​ပြီးတဲဲ့နေ့က
ငိုနေခဲ့တယ်ဆိုတာ ဝန်ခံပါသည်။

မုန်းတယ်လို့ တစ်ခွန်းပြောတိုင်း
ရင်ထဲကတင်းကျပ်လာတာကို သူသာသိလိမ့်မည်။

အခုချိန်ဆို သူအခြားတစ်ယောက်နဲ့ ပျော်နေလောက်ရောပေါ့။

သူ့ရဲ့အတွေးတွေ အားလုံးကို ဖြတ်ချပစ်လိုက်တဲ့
အသံတစ်ခု။

"ဒါဘယ်လဲ မီယောင်း"

"အပြင်သွားမလို့ပါ ဂျွန်"

"ဘယ်အချိန်ရှိပြီလဲ မီယောင်းရယ်
ဗိုက်ရှိတယ်ဆိုတာလည်း သတိထားပါဦး"

"အို...ဂျွန်ကလည်း ဗိုက်ကဗိုက်ဘဲ
မီယောင်းက ချုပ်ချယ်တာတွေ မကြိုက်ဘူးဆိုတာ
ဂျွန်သိရဲ့သားနဲ့"

"ဗိုက်ထဲက ကလေးကို စိတ်ပူလို့ပြောတာကွ"

"ကျစ်! စိတ်မပူပါနဲ့ ဂျွန်ရယ်
ကျွန်မက မကြာခင်မိခင်တစ်ယောက် ဖြစ်တော့မှာပါ
ဘာတွေလုပ်ရမလဲဆိုတာကို သိပါတယ်"

"မီ......."

"တော်တော့ ဂျွန် မီယောင်းကို ဘာမှထပ်မပြောနဲ့တော့ ပြန်လာမယ်ဆိုတာဘဲ
သိထားပေး အိုကေ"

Pain is He (completed)Where stories live. Discover now