(part-19)

3.2K 172 6
                                    

Unicode📌

ရာသီတွေ တစ်လပြီးတစ်လကူးပြောင်းနေကျသလို
Seoulမြို့ကြီးကလည်း ပို၍ပင် လှပလာခဲ့သည်။

အလှဆုံးနိုင်ငံများအနက် Seoulမြို့ကလည်း
ပါဝင်သည်လေ။

ခလေးလေးတွေရဲ့ တစ်ခစ်ခစ်ရယ်သံလေးတွေနဲ့
အပြိုင် ပွဲတောင်ကြီးမှာ စည်ကားလှလို့နေသည်။

12လထဲက နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလ။

နှင်းတွေဖွေးနေအောင်ကျပြီး ဒီဇင်ဘာကို
အထူးတလည် ကြိုဆိုသည်။

ခနတာ ခိုလှုံခဲ့ဖူးတဲ့ ထိုနေရာကြီးအား
မေ့ထျောက်ဖို့အတွက် အတော်ပင် ကြိုးစားခဲ့ရသည်။

အခုချိန်မှာတော့ သူဟာ တောင့်တခဲ့ဖူးတဲ့
နွေးထွေးမှုလေးတွေကို ရဖူးခဲ့ပြီလေ။

"ဟာ သားထယ်ရေ အိမ်ထဲဝင်နေမှပေါ့
ကလေးလေးနဲ့ကို သားရယ်"

"ဟီးးး ထယ်နှင်းတွေနဲ့ ဆော့ချင်ရုံလေးပါ
တီတီရဲ့"

"ဒီကပူလုံးလုံးလေးကိုလည်း သတိထားအုံးလေ
သူလေး အအေးပတ်လိမ့်မယ်"

6လရှိပြီဖြစ်တဲ့ ဗိုက်က ပူပူကြီးရယ်။

"နောက် 10 minutes ပါဘဲနော် တီတီ"

"တကယ်လား "

"ဟုတ်"

"အေးပါကွယ် 10မိနစ်ပြည့်တာနဲ့ အထဲဝင်လာရမှာနော်"

"ဟီးးး စိတ်ချပါ"

ပူနေပြီဖြစ်တဲ့ ဗိုက်လေးကိုကိုင်ရင်း ဒန်းရှိရာ
သွားနေသည်။

တစ်ချိန်က မှားယွင်းခဲ့တဲ့ အတွေးကြောင့်
အပြစ်မရှိတဲ့ကလေးကို သတ်ခဲ့မလိုဖြစ်ခဲ့ရသည်။

အဲ့နေ့က အကိုဘိုဂမ်သာ ရောက်မလာခဲ့ရင်
သူဟာ ယနေ့ထိရှင်နေဦးမှာ မဟုတ်ပေ။

အကိုရဲ့ အဖေနဲ့အမေကလည်း သူ့ကို သားအရင်း
တစ်ယောက်သဖွယ် ချစ်ပေးသည်။
ဒါတွေကြောင့် သူက အတိတ်ဆိုးတွေထဲကနေ
ရုံးထွက်လာနိုင်ခဲ့ပြီလေ။

"ထယ်လေး ဘာတွေလုပ်နေတာလဲ"

"အော အကိုဘိုဂမ်"

"ဗိုက်က နာတာတွေ ရှိလား"

"မရှိပါဘူး အကိုရာ"

Pain is He (completed)Where stories live. Discover now