(part-3)

3.2K 187 10
                                    

Unicode📌

​ေဖျာ့တော့သော အလင်းရောင်က အခန်းငယ်တစ်ခုဆီသို့
ဖြာကျလျက်..။

မွေ့ယာပေါ်မှ လူးလွန့်လာသော ကောင်ငယ်လေးမှာ
တစ်ဝါးဝါးသန်းလျက်...အကြောဆွဲနေသည်။

အာရုဏ်ဦးအချိန်ဆိုပေမယ့် သူက
daeguမှာတုန်းကလို အိပ်ချင်တိုင်းအိပ်မရတော့။

waiterတစ်ယောက်မဟုတ်လား...
သူဌေးက အလုပ်ကြိုးစားတယ်ဆိုပြီး
ချီးကျူးနိုင်စေဖို့အတွက် သူကကြိုးစားရမယ်လေ..။

တစ်ကိုယ်ရည် သန့်ရှင်းပြီးတာနဲ့ အဝတ်အစားများလဲကာ
ဆိုင်ထဲသွားပြီ အလုပ်စလုပ်ရတော့သည်..။

"ဟိတ်ကောင်လေး...ဒီမှာ..."

"ကစတာမာ menuယူဦးမလားဗျ"

"ဘာ menuမှ မလိုချင်ဘူး..ပြောစမ်း
နင်တို့ဆိုင်က ရတဲ့အစားအစာတွေ"

မနေ့ကမှ အလုပ်စဝင်တဲ့သူ ဖြစ်တဲ့အပြင်
ကျောင်းပြီးအောင်လည်း မတက်ခဲ့ရတဲ့ သူ့အဖို့
စားသောက်ကုန် အမည်တွေကို စုံအောင်မပြောနိုင်ပါလေ။

"ဟဲ့....မေးနေတယ်လေ နားက ကန်းနေတာလား
ဘယ်လိ​ုwaiterပါလိမ့်...."

"ဟို...ကျွန်တော် မသိပါဘူး...."

"ဘာ!!! ဒီစားသောက်ဆိုင်မှာ အလုပ်လုပ်နေပြီး
စားသောက်ကုန်နာမည်တွေ မသိဘူးဆိုတော့
မွေးကတည်းက ဦးနှောက်မပါခဲ့ဘူးထင်တယ်"

"ဒီမှာ....စကားတွေကလွန်လာပြီနော်
ကျွန်တော်ကမနေ့ကမှ အလုပ်စဝင်တဲ့သူပါ
မသိဘဲနဲ့ ထင်ရာတွေ လျှောက်မပြောပါနဲ့
မိန်းကလေးးး "

*ဖြန်း...*

ပူထူးသွားသော သူ၏ပါးတစ်ဖက်..။

"ဟက် ကာစတာမာကို ပြန်အော်ရမယ်လို့
နင့်သူဌေးက အ့လိုသင်ထားပေးတာလား ဟမ်!
ကိုယ်စောက်ဆင့်ကိုယ်သိ....ေအာက်တန်းစားကများ"

"ခင်...ခင်ဗျားးးး"

**ဟင့်**

လူပုံလယ်အရှေ့မှာ သူက မိန်းကလေးတစ်ယောက်ရဲ့
ပါးရိုက်ချင်းကို ခံရ၏။

ခံပြင်းလွန်းလို့ မျက်ရည်တွေစီးကျကာ
အသားတွေ တစ်ဆက်ဆက်တုန်သည်အထိ
သူဟာ မျိုသိပ်ထားသည်။

Pain is He (completed)Where stories live. Discover now