(part-7)

2.7K 162 4
                                    

Unicode📌

အလုပ်လုပ်နေတဲ့ ဆိုင်နေ ခွင့်တစ်ပတ်
ယူထားရတဲ့ ထယ်ယောင်း။

သဘောကောင်းတဲ့ အဒေါ်ကြီးက အေးဆေး
အနားယူပါလို့လည်း ပြောလိုက်သေးသည်။

ယနေ့ထိတိုင် သူ့အပေါ်ကောင်းတဲ့ သူဆိုလို့
ဖွားဖွားရယ် ဆိုင်ရှင်ဒေါ်ကြီးရယ်ဘဲ
ရှိမယ်လို့လည်း တွေးမိပြန်သည်။

ဘယ်ဆီရောက်နေမှန်းမသိရတဲ့ မိဘတွေကို
တစ်ခါလောက်တော့ တွေ့ဖူးချင်မိသား။

တွေ့များတွေ့ခဲ့ရင် သားလေးဆိုပြီးတော့
အပြေးကလေး လာပွေ့ဖက်မယ်လို့ ထင်မိသည်။

သို့သော် သူ"မ"သိလိုက်သည်က မွေးမိခင်ကိုယ်တိုင်
သူ့ကိုမလိုချင်လို့ ပစ်ထုပ်ထားခဲ့တယ်
ဆိုတာကိုပေါ့...။

"အဖွား ဒီချိန်ဆို ဘာလုပ်နေမလဲ
ဖုန်းခေါ်ရင်ကော .... ဟာ
ဖွားက ဖုန်းမှ မသုံးတာ...ဟူးးး"

ပျင်းသည်။ အလုပ်နားပြန်တော့လည်း
လူကဘာလုပ်စရာမှ မရှိတော့
ချောက်ကပ်ကပ်ကြီးရယ်။

*ဒူ....*ဒူ....*ဒူ....*

ချထားသော ဖုန်းလေးက vibrator နဲ့အတူ
သံစဥ်အကျယ်ကြီး ပေါ်ထွက်လာသည်။

"ဟယ်လို"

unknow callမို့ သူ့ဘက်ကသာ
စပြီး အရင်​ပြောလိုက်သည်။

"xxxxx motel မှာ ငါ့ကို လာတွေ့ပါ"

ထယ်ယောင်းမှာ ကြောင်နနလေးဖြစ်သွားရသည်။
အထက်စီးဆန်ဆန် အမိန့်သံနဲ့ ပြောလာတဲ့
အမျိုးသမီးက သက်လတ်ပိုင်းလောက် ရှိမည်ထင်ရသည်။

သူ့ကိုလည်းမသိပါဘဲ အထက်စီးဆန်ဆန် လာပြောနေတာမို့ ထယ်ယောင်း နှာခေါင်းလေး
ရှုံမိသွားသည်။

"ကျွန်တော့်ကို သိလိုလား?"

"အင်းး မင်းအကြောင်းကို ငါက
သိပေမယ့် ငါ့ကိုတော့ မင်းမသိလောက်ဘူး
ပြောတဲ့နေရာသာလာခဲ့ "

*တူ~~~*

ထယ်ယောင်းစိတ်ထင် ဒီအမျိုးသမီးက
အတော်ချမ်းသာမည်ထင်....။
အပြောအဆိုကအစ မသိမ်မွေ့ပေမယ့်
အဆင့်အတန်းရှိသည်။

ထွေထွေထူးထူး သိပ်မစဥ်းစားတော့ဘဲ
အပြင်ခံ အင်္ကျီ လေးဝတ်ကာ
သူမပြောတဲ့ နေရာသို့ ထယ်ယောင်းဦးတည်
သွားလိုက်တော့သည်။

Pain is He (completed)Where stories live. Discover now