အပိုင်း ( ၀၃ )

115 16 1
                                    

ခန့်မှန်းအားဖြင့် အချိန်ဆယ့်နှစ်နာရီနီးပါးလောက် ကုန်လွန်သွားသောအခါ လေယာဥ်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လေသည်။ နယ်သာလန်သို့ ထွက်သွားပြီးသည့်နောက် ဤသည်မှာ ရန်ကုန်မြေသို့ ဒုတိယအကြိမ်​ ခြေချမိခြင်းဖြစ်သည်။

ဆေးရုံသို့ရောက်သည့်အခါ ကိုကိုက ပရဝဏ်အတွင်းမှာ သူ့အား ရပ်စောင့်နေတာကို မြင်လိုက်ရသည်။ လှမ်းနေသည့် ခြေလှမ်းကို နှစ်ဆအရှိန်မြင့်ကာ ကိုကို့ဆီကို အပြေးတစ်ပိုင်းသွားလိုက်သည်။

"ကိုကို အခြေအနေဘယ်လိုရှိလဲဟင်၊ မမခက် ဘာမှတော့ မဖြစ်လောက်ပါဘူးနော်၊ မစိုးရိမ်ရတော့ဘူးမလား..မစိုးရိမ်ရဘူးမလားလို့၊ ပြောပါဦး ကျွန်တော့်ကို"

ခရီးဦးရောက်မဆိုက် မေးချင်သည့်စကားများကို တန်းမေးဖြစ်သည်။ ကိုကိုက သူ့အပူတွေကို ခံစားမိပုံရသည်။ လျှောက်လမ်းဘေးရှိ နားနေခုံတန်းဆီသို့ ဆွဲခေါ်သွားကာ အရင်ဆုံးထိုင်စေသည်။

ပြီးနောက် စိတ်အေးအေးထားဟုပြောကာ မမခက်အခြေအနေအား တစ်ချက်ချင်းရှင်းပြလာသည်။ မမခက်မှာ ယခုချိန်ထိ စစ်ဆေးမှုတချို့လုပ်နေရသော်လည်း အသက်အန္တရာယ်အတွက်တော့ ပူပန်စရာမလိုတော့ပေ။

သို့သော် ထုံ​ဆေး၊ ပိုးသတ်ဆေးနှင့် စတိီးရွိုက်တို့ ပေးထားခြင်းကြောင့် ပုံမှန်အချိန်ကဲ့သို့ လန်းလန်းဆန်းဆန်းတော့ မရှိပါချေ။ ဤသည်ကို စိတ်မပူဖို့နှင့် ဆေးအရှိန်ပြေလျှင် အရင်တိုင်း ထူထူထောင်ထောင်ပြန်ဖြစ်သွားမည်ဟု ဆိုလေသည်။

"ကလေးရော ကလေးလေးရော ရှင်လားဟင်"

ဤစကားအတွက် အနည်းငယ်တော့ အားနာစိတ်ဖြစ်မိသည်။ နှစ်ယောက်ထဲက တစ်ယောက်ရွေးရမည်ဆိုလျှင် မမခက်ကိုသာ ရွေးချယ်ခိုင်းခဲ့သည်မဟုတ်ပါလား။

"ဘေဘီလေးက အခြေအနေတစ်ခုထိတော့ စိတ်ချထားလို့ရတယ်တဲ့"

ထို့နောက် ကိုကို​က ဆက်ပြောသည်။ ထိုအခြေအနေတွင်းမှာ ကလေးကို အထူးကြပ်မတ်ဆောင်တွင်သာ ထားရှိမည်ဖြစ်ပြီး လိုအပ်သည့်ကုသမှုတွေကို ဆက်တိုက် ခံယူရမည်ဖြစ်ကြောင်း ရှင်းပြလာသည်။

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now