အပိုင်း( ၁၄ )

55 1 0
                                    

ဆေးရုံသို့ ရောက်ချိန်တွင် အန်တီက ဆေးရုံအောက်ထပ်၌ရှိသော စားသောက်ဆိုင်အတွင်းကို မေးငေါ့ပြပြီး..

"အဲဒါ ကြာညိုမဟုတ်လား"

သျှိုင်းဘုန်းလျှံ မဖြေရသေးခင် အန်တီက ဟန်းဘတ်အိတ်အတွင်း ထည့်ထားသော မျက်မှန်ကို ကောက်တပ်ကာ 'သြော် ကြာညိုတောင် အမေရိကားက ပြန်ရောက်ပြီ'ဟု ဆိုသည်။

ထိုစကားကြောင့် သျှိုင်းဘုန်းလျှံတစ်ယောက် စိတ်ထင့်ပြီး ဇဝေဇဝါဖြစ်သွားလေရာ 'မမခက် မွေးခါနီး ဖွားခါနီးဖြစ်နေတာတောင် အန်တီကြာညိုက အမေရိကားကို အလည်အပတ် သွားနိုင်သေးတာလား'ဟူ၍ ကသိကအောက်ဖြစ်နေသော အသံဖြင့် လွှတ်ခနဲ မေးမိလေ၏။

"ဟဲ့ သြော် မဟုတ်တမ်းတရမ်းတွေ၊ ဒီကလေးကတော့လေ အခုတလော ဘာဖြစ်နေမှန်းကို မသိတော့ပါဘူး၊ စကားပြောလိုက်တိုင်း တစ်ဖက်စွန်းရောက်လွန်းတယ်"

"အာ..အဲလိုမဟုတ်ဘူးလား၊ တကူးတက သွားတယ်ဆိုတော့ ကျွန်တော်က အပျော်အပါးလို့ပဲ ထင်လိုက်မိတာပေါ့ဗျာ..ပြီးတော့ ဟိုဘက်က သားသမီးများသလို မြေးလည်းများတော့ မမခက်နဲ့ မမခက်ရဲ့ကလေးကို ကျွန်တော်တို့လောက် မချစ်ဘူးလို့ တွေးမိသွားလို့.."

သျှိုင်းဘုန်းလျှံထင်ချင်လည်း ထင်ရက်စရာပင်။ အန်တီ့ဘက်က ကြည့်လျှင် မမခက်သည် တစ်ဦးတည်းသော သမီးဖြစ်သည့်အပြင် မမခက်၏ ကလေးဟာလည်း မြေးဦးလေးဖြစ်ကာ ကိုကိုတို့ဘက်က ကြည့်လျှင်တော့ ထိုသို့မဟုတ်ပါချေ။

အန်တီကြာညိုက သားသမီးငါးယောက် မွေးထားပြီး အကြီးဆုံးသမီးဆိုလျှင် ကိုကို့ထက် ခုနစ်နှစ်ကြီးကာ ယခုဆို အသက်အားဖြင့် သုံးဆယ့်ကိုးနှစ်ရှိပြီး သူမွေးထားသော ပထမဆုံးကလေးဟာ အပျိုကြီးဖားဖားအရွယ်ကိုပင် ရောက်နေလေပြီ။

သို့ဖြစ်ပါ၍ မိသားစုများသော အန်တီကြာညိုတို့က မမခက်နှင့် မမခက်၏ ကလေးအပေါ်သို့ မေတ္တာမပေးလောက်ဘူးထင်၍ စိုးရိမ်မှုလွန်ကဲသွားခြင်းသာ ဖြစ်ပေတော့သည်။

"အမယ်လေး တစ်ယောက်ကလည်း မောင်ကို မအေထက် ပိုချစ်တယ်၊ ဟော ဒီတစ်ယောက်ကျတော့လည်း ကိုယ့်အစ်မမှ ကိုယ့်အစ်မဖြစ်ပြီး အတွေးချော်နေပြန်ပြီ၊ လိုက်လည်းလိုက်ပါ့ ဒီမောင်နှမနှစ်ယောက်"

You've reached the end of published parts.

⏰ Last updated: Dec 16, 2022 ⏰

Add this story to your Library to get notified about new parts!

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now