အပိုင်း( ၀၇ )

21 1 0
                                    

မနက်ခင်းနေရောင်ခြည်သည် လူးလွန့်နေသည့် လိုက်ကာကြားထဲမှတစ်ဆင့် အခန်းတွင်းသို့ ချင်းနင်းဝင်ရောက်လာခြင်းကြောင့် ကုတင်ထက်တွင် အိပ်မောကျနေသော သူ၏ မျက်တောင်များမှာ လုပ်လီလုပ်လဲ့ဖြစ်လာပြီးနောက် ထိုအလင်းရောင်ကို မနှစ်မြို့စွာ မျက်မှောင်ကြုတ်သွားလေသည်။

မျက်စိရှေ့သို့ လက်တစ်ဖက်ကာကြည့်သော်လည်း အလင်းရောင်မှာ ဝင်နေဆဲဖြစ်၍ လျှောကျနေသည့် စောင်ကို ဦးခေါင်းဖုံးသည်အထိ ဆွဲတင်လိုက်ပြီး ခေါင်းမြီးခြုံကာ ခန္ဓာကိုယ်ကိုလည်း စောင်ဖြင့် လုံခြုံစွာထွေးရစ်ပြီးသည့်နောက် ပြန်လည်အိပ်ပျော်သွား၏။

အိပ်ပျော်နေဆဲဖြစ်သည့် သျှိုင်းဘုန်းလျှံဟာ ဖုန်းမြည်သံတစ်ခုကြောင့် နိုးလာပြီးနောက် လက်ခံဖြေကြားရန်အတွက် အိပ်ရာဘေးဘယ်ညာသို့ စမ်းကြည့်သော်လည်း ထိုဖုန်းအား ရှာမတွေ့ပါ။

နိုးတစ်ဝက် အိပ်တစ်ဝက် အနေအထားဖြင့် တဒင်္ဂမျှ အိပ်မှုန်စုံမွှားဖြစ်နေသော်ငြား ဆက်တိုက်မြည်တမ်းနေသည့် ဖုန်းသံကြောင့် လူက ငေါက်ခနဲထထိုင်လိုက်ပြီး မျက်လုံးတွင်း ထိုးဖောက်ဝင်ရောက်လာသည့် စူးစူးဝါးဝါးအလင်းရောင်ကြောင့် နိုနိုးကြားကြားဖြစ်လာ၏။

အခန်းတောင်မြောက်သို့ ဟိုဒီဝေ့ရှာကြည့်သည့်အခါ ဖုန်းမှာ ကုတင်ခေါင်းရင်းတွင် တင်ထားခြင်းခံရပြီး လူကတော့ ကုတင်ကို ကန့်လန့်ဖြတ်အနေအထားဖြင့် အိပ်နေမိခြင်းဖြစ်သည်။

သဘာဝ၏ အလှတရားကို ခံစားတတ်ပြီးသည့်နောက် ကြယ်နှင့် လခြမ်းကွေးကို ဆက်တိုက်ကြည့်ချင်သည့်စိတ် ဖြစ်လာ၏။ ထို့ကြောင့် မြင်သာထင်သာအောင် မှန်ပြတင်းကို ဖွင့်လိုက်သည့်အပြင် လိုက်ကာကိုပါ ဘေးသို့ဆွဲသိမ်းလိုက်ပြီး လူကလည်း ထိုမှန်ပြတင်းရှိရာသို့ မျက်နှာချင်းဆိုင် အနေအထားဖြင့် အိပ်နေမိခြင်းပင်။

ကိုင်သူမရှိသော်လည်း ဖုန်း၏တစ်ဖက်ခြမ်း ခေါ်ဆိုသူကတော့ အတော်လေး ဇွဲရှိလေသည်။ အိပ်နေသည့်အချိန် အနိုးခံရတာ မကြိုက်သော်လည်း ဒီကနေ့အဖို့ လုံလောက်သည့် အိပ်ချိန်ထက် ကျော်လွန်နေပြီမို့ ထိုအခြင်းအရာအား စိတ်မကွက်ပါချေ။

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now