အပိုင်း( ၀၆ )

19 1 0
                                    

'တင်'ခနဲမြည်လာသည့် အချက်ပြသံကြောင့် ဖိနပ်ဦးထိပ်ကို ပေါက်ထွက်မတတ် စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံဟာ တဖြည်းဖြည်းမော့လာပြီး ရောက်ရှိနေသော အထပ်နံပါတ်ကို ကြည့်ကာ လိုရာမရောက်သေးသဖြင့် သူ၏ခေါင်းမှာ ပြန်လည်ညွတ်ကျသွားသည်။

ဓာတ်လှေကားဟာ ဤသို့နှစ်ကြိမ်သုံးကြိမ်မျှ အဖွင့်အပိတ်လုပ်ပြီးသည့်အခါ နောက်ပါးဆီမှ အလိုမကျဟန် မာဆတ်ဆတ်အသံတစ်မျိုး ထွက်လာလေသည်။

"ဟေ့လူ ခင်ဗျား ထွက်မှာလား၊ ထွက်မယ်ဆိုလည်း မြန်မြန်ထွက်၊ အချိန်တွေကြာတယ်"

အလျင်လိုနေပုံရသည့် လူငယ်အတွဲဟာ စိတ်မရှည်ခြင်းကို ဖုံးကွယ်မထားနိုင်။ အကြည့်တွင်လည်း ရန်လိုနေသည့် အငွေ့အသက်များ ပါဝင်လေသည်။

သျှိုင်းဘုန်းလျှံမှာ ထိုလူငယ်အတွဲအား ဆောရီးတစ်ခွန်းပြောကာ ထွက်လာပြီးနောက် လက်တွင်ကိုင်ဆောင်ထားသော အခန်းကတ်ပြားကို တစ်ချက်ကြည့်ပြီး မိမိအခန်းရှေ့ရောက်သည့်အခါ ကတ်ဖြတ်ပြီး ဝင်ခဲ့လိုက်သည်။

အခန်းတွင်းရောက်သည်နှင့် ပါလာသည့်ခရီးဆောင်အိတ်ကို ဧည့်ခန်းတွင်ထားကာ လူကတော့ ဆိုဖာပေါ် ကျောမှီချပြီး မျက်လုံးများကို ဖိပိတ်ထားလိုက်တော့သည်။

အဝေးကကြည့်လျှင် သက်သောင့်သက်သာအနားယူနေသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် ထိုသို့မဟုတ်ပါချေ။ မှိတ်ထားသည့် မျက်လုံးထောင့်စွန်းကနေ မျက်ရည်ပူတွေဟာ အဆက်မပြတ်စီးကျလျက်ရှိပြီး မျက်တောင်ဖျားတွေမှာလည်း မသိမသာ တုန်ယင်လို့နေသည်။

သျှိုင်းဘုန်းလျှံမှာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိသည်။ သူဟာ ယောက်ျားတစ်ယောက် ဖြစ်ပါလျက်နဲ့ ဤမျှအထိ မပျော့ညံ့သင့်။ အသက်အားဖြင့်လည်း မငယ်တော့။ ဤအသက်အရွယ်ဟာ အချစ်မှအချစ်ဖြစ်ပြီး အချစ်ကိုသာ ရှေ့တန်းတင်တတ်သည့် ရူးရူးမိုက်မိုက်အရွယ်လည်း မဟုတ်တော့။

သူ့မှာ စဉ်းစားတတ်တဲ့ ဉာဏ်ရှိသည်။ အသိရှိသည်။ သတိရှိသည်။ ဒါတောင် ဘာမဟုတ်တဲ့ အိပ်မက်တစ်ခုအတွက်နဲ့ ကိုကို့အရှေ့မှာ သူ့ရဲ့အားနည်းတဲ့ပုံစံကို ပြခဲ့မိသည့်အပြင် မျက်ရည်စမ်းစမ်းလုပ်ပြီး ငိုတောင်ငိုခဲ့သေးသည်။

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now