{ 7 } ZG

7.6K 135 2
                                    


ဘယ်ဘက်ပေါင်တံ တစ်ချောင်းလုံးကို လစ်ဟာပြထားပြီး ဘေးခွဲထားတဲ့ စကပ်လေး က လှမ်းလိုက်တိုင်း အတွင်းသားတွေ ပြန်မပေါ်အောင် ပလက်တီနမ် ကြိုးလေးတွေနဲ့ ပြန်သိုင်းထားတာလေးက လှပပြီးဘာအပြစ်အနာအဆာမှမရှိတဲ့ ပေါင်တံလေးကို ပိုပြီး ဆွဲဆောင်မှုရှိစေသည်။

ချမ်းဆောင်းဟန် ဧည့်သည်တွေနဲ့ စကားပြောနေရင်း လူအုပ်ကြီးက အပြင်ဘက်ကို သမင်လည်ပြန်ငေးကြည့်နေတာကြောင့် အဲ့လူတွေ ငေးကြည့်နေတဲ့အရာကို စိတ်ဝင်တစားကြည့်လိုက်မိတာနဲ့ သူ့ နှလုံးသား တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။

နှုတ်ခမ်းသား တစ်ခုလုံးကို နီရဲနေအောင် ဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေးက တစ်စုံတစ်ယောက်ကိုတောင် သတိရစေမိတဲ့ အထိ ညှို့အား ပြင်းလွန်းသည်။

အခမ်းအနား တစ်ခုလုံးထဲမှာ ရှည်လျားတဲ့ အရပ်ကြီး နဲ့ အတူ စီးထားတဲ့ ၆ လက်မ ဒေါက်ကြီးကြောင့် အကုန်လုံးထက် ပိုထူးခြားသည့် အလှနတ်ဘုရားမလေး ဖြစ်နေသည်။

ချမ်းဆောင်းဟန် အလှတရားလေးကို ရှုစားနေရင်း အဲ့အလှတရားလေးနဲ့ သူနဲ့ မျက်လုံးချင်း ဆုံမိသွားတဲ့အခါ သူ့ရဲ့ သွားတန်းညီညီလေးတွေပေါ်အောင် ပြုံးပြလိုက်သော်လည်း သူရလိုက်တာက အဲ့ဒီ အလှတရားလေးရဲ့ မျက်စောင်း နုနုလေးပင်။

မင်းသခင်ခက်ထန် သူတစ်စက်မှ ကြည့်မရတဲ့ သူက သူ့ကို ပြုံးပြနေသော်လည်း သူ့စိတ်ထဲမှာ သတင်းထဲမှာထက် အပြင်မှာ ပိုချောတယ်လို့ တွေးမိပေမဲ့ အစကထဲက စိတ်က မကြည်နေတာကြောင့် မျက်စောင်းသာ ထိုးပေးလိုက်သည်။

အလှဆင်ထားတဲ့ ပန်းအိုးအကြီးတွေနဲ့ ဂုဏ်ပြုလက်ဆောင် ပန်းစည်းတွေကလဲ မြင်မကောင်းလောက်အောင် များပြားလွန်းသော်လည်း အခမ်းအနား တစ်ခုလုံးကို အဖြူရောင်တွေနဲ့ သာ အလှဆင်ထားတာကြောင့် မင်းသခင်ခက်ထန် သဘောကျမိသည်။

အဖြူရောင်ကို ကြိုက်သလို အဖြူရောင်ကို အေးချမ်းတယ်လို့လဲ သူယူဆထားသည်။

မင်းသခင်ခက်ထန် သူ ထိုင်ရမယ်လို့ သတ်မှတ်ခံထားရတဲ့ VIP ခုံလေးမှာ သူထိုင်နေရင်း သူ့ရဲ့ မျက်လုံးတို့က ပစ်မှတ်ကို ရှာနေရသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now