{ 52 } Uni

11.2K 721 165
                                    

ချမ်းဆောင်းဟန်   ဆရာဝန် လာလိုး ကို အဝ ထိုးနေသော်လည်း မင်းသခင်ခက်ထန်က ဝင်ဆွဲဖို့နေနေသာ ချမ်းဆောင်းဟန်ရဲ့ အပြုအမူလေးတွေကို ပြုံးပြီးတောင် ကြည့်နေလိုက်သေးသည်။

"ကိုကိုက ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းလိုက်တာ"

အစကတည်းက ခန္ဓာကိုယ်တောင့်တင်းတဲ့သူ ဖြစ်နေတာကြောင့် Hoodie လက်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားတဲ့ အခါ လက်မှာ ယှက်ဖြာနေတဲ့ အကြောတွေက ထောင်ထ နေတာ အတော်လေးကို ကြည့်လို့ကောင်သည့်အပြင် တိကျတဲ့ မေးရိုးတွေက ဒေါသကြောင့် ပိုထင်းနေပြီး အဖျားရှိန်လဲ ရှိနေသေးတာကြောင့် ရဲတက်နေတဲ့ မျက်နှာက ဆွဲဆောင်မှူရှိလွန်းသည်။

တစ်ချက် တစ်ချက် ထိုးလိုက်တိုင်း ပေါ်ထွက်လာတဲ့ ခွပ် ခွပ် ဆိုတဲ့ အသံက အစ  ကြားရတာ နားဝင် ချိုဖွယ် ကောင်းလွန်းသဖြင့် မင်းသခင်ခက်ထန် သေချာ အသေးစိတ်ကို တစိမ့်စိမ့်ကြည့်သည်။ ကြည့်နေရင်းကိုမှ  ချမ်းဆောင်းဟန်က ဆရာဝန်ကောင်လေးရဲ့ လည်ပင်းကို ဆွဲညှစ်ပြီး အပေါ်ကို မြှောက်တင်လိုက်တာကြောင့် ကိုကို့ကို လူမသတ်စေချင်တဲ့ အတွက် တားရတော့သည်။

ဆရာဝန် လာလိုးရဲ့ မျက်နှာတစ်ခုလုံး သွေးတွေ ရဲနေပြီး အသက်ကိုတောင် မနည်း ရှူနေရသည်။

"ချမ်းဆောင်းဟန် တော်တော့ !!!!!"

"မတော်နိုင်ဘူး ...အဲ့ကောင်က ငါ့ယောက်ျားကို ငါ့ရှေ့မှာတင်.. ပေါ်တင် လာပြောနေတာ"

"ကိုကို ကျွန်တော့်ကို ချစ်လား "

"ဘာဆိုင်လို့လဲ "

"ချစ်တယ်ဆို... လည်ပင်း ညှစ်ထားတာ အခု လွှတ်ပေးလိုက်"

"ကျစ်!"

ချမ်းဆောင်းဟန် စိတ်မရှည်ဟန် တစ်ချက်ပြပြီး ဆရာဝန် လာလိုးကို လည်ပင်းညှစ်ထားရာကနေ လွှတ်ပေးလိုက်ပေမဲ့ ဒေါသတို့က မပြေသေးတာကြောင့် ကြိမ်းလိုက်၏ ။

"ခွေးကောင် ...နောက်တစ်ခါ ငါ့ယောက်ျားကို စကားနဲ့တောင် မပြစ်မှားနဲ့ ...ငါ မင်းကို လျှာဖြတ်ပြီး သတ်ပစ်မယ်"

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now