{ 65 } Uni

8.2K 533 207
                                    

ချမ်းဆောင်းဟန် အနေနဲ့ကလဲ ဒီပွဲကို အခမ်းအနားပွဲတစ်ခုအနေနဲ့သာ ကြီးကျယ်ခမ်းနားချင်ပေမယ့် လူတော့ အများကြီး မလာစေချင်တာကြောင့် အရမ်းရင်းနှီးတဲ့ သူတွေလောက်သာ ဖိတ်ချင်တဲ့ အတွက် စာအုပ်ထဲက လူတွေကို ဖိတ်စေခြင်းပင်။

ဇွေးစာအုပ်ထဲက ကောင်မလေးတွေ နာမည်ကို ဖတ်ရင်း စိတ်ထဲမှာ ဒီနာမည်တွေနဲ့ ရင်းနှီးလိုက်တာလို့ ထင်မိသည်။

ဒါပေမယ့်လဲ အချိန်က သိပ်မရတာကြောင့် လိုအပ်တဲ့ အချက်အလက်တွေတောင်းဖို့
ချမ်းဆောင်းဟန်ဆီ ဖုန်းဆက်သည်။

ဇွေးဖုန်းဆက်လိုက်တာနဲ့ တန်းဖုန်းကိုင်တဲ့ ချမ်းဆောင်းဟန် အသံကတော့ အမြဲမာသည်။ ချိုသာသည်က ခပ်ရှားရှာပင်။

"ဘာလဲ!!! "

"သတို့သား နဲ့ သတို့သား နာမည်ပြောပေးဦး  "

"ချမ်းဆောင်းဟန် အသည်းပုံလေး မင်းသခင်ခက်ထန် "

"ကိုကြီးက ဟို ခွေးဖြူလေး နဲ့ မင်္ဂလာဆောင်မလို့လား "

တစ်ချို့ ဖုန်းနဲ့ မင်္ဂလာဆောင်တာတို့ ၊ မိကျောင်းနဲ့မင်္ဂလာဆောင်တာတို့ကို့ ဖတ်ခဲ့ဖူးတာကြောင့် ဤသို့မေးခြင်းပင်။

"မရှည်နဲ့... ငါ့ကလေးကို ခွေးလို့ မပြောနဲ့ "

"ရှုပ်နေတာပဲ "

"ဘာ!!!!"

ချမ်းဆောင်းဟန်ရဲ့ အော်သံကြောင့် ဇွေးရဲ့ ခန္ဓာကိုယ်လေးမှာ တုန်တက်သွားရသည်။သူတို့ မောင်နှမ နှစ်ယောက်လုံးက အကိုကြီး ချမ်းဆောင်းဟန်ကို ကြောက်ရသည်။

"အရှေ့မှာ အမှိုက်တွေ ရှုပ်နေလို့ပြောတာ"

"အေး ..ဖိတ်စာ ငါ ကိုယ်တိုင်ရိုက်ပေးမယ် ...Mail နဲ့ ပို့ပြီးပဲ ဖိတ်လိုက် "

ဇွေး ဘာကိုမှ နားမလည်နိုင်တော့ပေမဲ့ ပြောတဲ့ အတိုင်းသာ တသွေမသိမ်း လုပ်ပေးသည်။

အရမ်းကိုမြန်ဆန်လွန်းပြီး အစီအစဥ်မကျနိုင်မှန်း သိပေမဲ့ ချမ်းဆောင်းဟန် သဘောအတိုင်းသာ အကုန်လိုက်လုပ်သည်။

နှင်းဆီပန်းအဖြူနှစ်ထောင့်ငါးဆယ်ပွင့်ကိုလဲ သူလိုက်ရှာတာ အဆင်မပြေပေမဲ့ တော်ဝင်ဧကရီမြင့်သစ္စာဒေဝီစိုးထက်နွယ်က လူအင်အား ငွေအင်အား အကုန်စိုက်ထုတ်ပြီး ပြင်ဆင်ပေးတာကြောင့်  တစ်ညတည်းနဲ့ ခန်းမ တစ်ခုလုံးမှာ နှင်းဆီပန်းအဖြူ နှစ်ထောင့်နှစ်ဆယ့်လေးပွင့် က လှပစွာ တည်ရှိပြီး ခမ်းနားထည်ဝါလွန်းသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now