{ 45 } Uni

11.9K 851 226
                                    

မင်းသခင်ခက်ထန် အပေါ်ကို ဇောင့်ဇောင့်နဲ့ တက်သွားပြီး အခန်းတံခါးကို ဝုန်းခနဲ့ ဆောင့်ပိတ်ကာ Log ပါ ချလိုက်သည်။သူတကယ် ဒီလူ့ မျက်နှာမြင်ပြီး ရင်တွေ ခုန်တာ ချုပ်ထိန်းလို့ မရ။ဒီလူက သူ့အပေါ် တအား ညှို့နိုင်လွန်းသည်။

"တောက် စ်!  လူယုတ်မာ"

မင်းသခင်ခက်ထန် ဘာကို စိတ်တိုလို့ စိတ်တိုမှန်းမသိ ဖြစ်နေတာကြောင့် ရေစိုတွေကို မလဲဘဲ   ရင်ထဲက အပူကို ငြိမ်းရန် ရေခဲသေတ္တာထဲက ရေဘူးကို ထုတ်ကာ ရေခဲရေသောက်နေရင်း သော့နဲ့ အခန်းတံခါးကို လာဖွင့်တဲ့ အသံကြားလိုက်တာကြောင့် သူ့အဖေ ထင်ပြီး အော်တော့သည်။

"Daddy သားကို ဘာမှ လာမမေးနဲ့... ဘာမှ ဖြေချင်စိတ်မရှိဘူး!!!"

"ကလေး ...ကိုကို ရှင်းပြတာကို နားထောင်ပါဦးကွာ"

ချမ်းဆောင်းဟန်ရဲ့ အသံကိုကြားနေရတာကြောင့် မင်းသခင်ခက်ထန် အနောက်ကို လှည့်ကြည့်လိုက်တာနဲ့ သူ့ဆီကို လမ်းလျှောက်လာတဲ့ ချမ်းဆောင်းဟန်ကိုတွေ့လိုက်ရသည်။

ရှည်လျားတဲ့ အရပ်ကြီးနဲ့ အတူ အမြဲလိုလို Shirt အမဲကို ကြယ်သီး ၃ လုံးလောက် ဖြုတ်ပြီးနေတတ်တဲ့သူက အခု အင်္ကျီကြယ်သီးကို တောင်တစ်လုံး မြောက်တစ်လုံးတပ်ထားတာကြောင့်   လစ်ဟာနေတဲ့ ချမ်းဆောင်းဟန်ရဲ့ ကျစ်လျစ်ပြီး ကြွက်သားတွေ ဖုထွက်နေတဲ့ ရင်ဘက်ကို မြင်ပြီးနောက် မင်းသခင်ခက်ထန် ဒေါသထွက်ရပေမဲ့ သဝန်တို စိတ်ကပါ ထပ်ပါလာသည်။ဒီလူရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ပြီးပြည့်စုံလဲ သူအသိဆုံး။

"တောက် စ် ...ချမ်းဆောင်းဟန် ရှေ့ဆက်တိုး မလာနဲ့  "

"ကလေး ...ကိုကို ရှင်းပြတာကို နားထောင်ပါဦး"

တားနေတဲ့ကြားထဲကနေ ချမ်းဆောင်းဟန် ရှေ့ဆက်တိုးသွားပြီး မင်းသခင်ခက်ထန်ရဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်တာကြောင့် မင်းသခင်ခက်ထန် ဘယ်လိုမှ ရေစက်ဖြတ်လို့မရ။သူ့နှလုံးသားက ဒီလူ့ အရှေ့မှာဆို ခုန်ပေါက်လို့ မဆုံး။

"ခင်ဗျားကို ရှေ့ဆက်တိုးမလာနဲ့ လို့ ပြောထားပြီးသား!!!"

မင်းသခင်ခက်ထန်ရဲ့ စကားတွေ ဘယ်လောက်ပဲ ရင့်သီးနေပါစေ။ဘာမဟုတ်တာလေးအတွက် ချစ်ရသူကို မဆုံးရှုံးချင်။သူ ကလေးကို ဘယ်လောက်တောင်ချစ်ပြီး မြတ်နိုးရလဲ သူ့ကိုယ်သူသာ အသိဆုံး။ထို့ကြောင့် အရဲစွန့်ပြီး ရှေ့တိုးလိုက်၏ ။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now