{ 19 }Uni

15.1K 1K 356
                                    


မင်းသခင်ခက်ထန် သူ့လူကြီးကို ကြည့်ပြီး အတည်ကြီးလို့ ခံစားနေရတာကြောင့် ရင်ထဲကြည်နူးနေမိတာအမှန်။ဒီလူကြီးက တကယ်ကို အပြောကောင်း။

"ကလေးလေး ...မာမီတို့နဲ့ အိမ်ပြန်လိုက်ခဲ့လေ"

မင်းသခင်ခက်ထန် ပြန်လိုက်ဖို့ စိတ်ကူးလိုက်ပေမဲ့ ဆေးကို သတိရမိသွားပြီး စိုင်းဖြိုးကို စိတ်ပူမိသွားသည်။ သူအဲ့ဒီ နှစ်ပုလင်းလုံး ကို ရောပြီးတင်ထားခဲ့မိတာ။

စိုင်းဖြိုးသာ မှားသောက်မိသွားရင် သေချာပေါက် အခုချိန်လှိမ့်နေအောင် ခံစားနေရမှာ။

အမှန်တိုင်းပြောရရင် စိုင်းဖြိုးက သူနဲ့ ဘယ်သွားသွား အတူရှိနေရတာကြောင့် sex ကိစ္စရှိဖို့နေနေသာ ဘယ်မိန်းကလေးနဲ့မှတောင် Date ဖူးတာ မဟုတ်ဘူး။

"မာမား မာမီ ..မနက်ကျမှ လာခဲ့တော့မယ်နော် "

"ဒီညက ဘာလို့လဲ"

"ပစ္စည်းလေးတွေ သိမ်းစရာလေးရှိသေးလို့မနက်ဖြန်ကျ Hotel မှာ မနေတော့ဘူး။ အပြီးပြောင်းလာခဲ့မယ်နော်"

"အင်းပါ ...ကလေးလေး သဘော
မာမီ့ ကလေးလေး ကို အာဘွားပေးချင်လို့ လာပါဦး ချစ်စရာလေး ....ရွှတ်!"

"မာမား မာမီ...ထန်ထန်သွားတော့မယ်နော်"

"အေးအေး ကလေးလေး"

"အဲ့ဒါဆို ကျွန်တော် တို့ကို ခွင့်ပြုပါဦး"

"အေးအေး ဂရုစိုက်သွားကြဦး"

အိမ့်မှူးသခင်နွယ်ကသာ ပြုံးပြုံးကြီး မေးဖြေနေပေမယ့် မေရှားခက်ထန်ကတော့ မျက်နှာကြီး တည်ပြီး လက်ပိုက်ထားဆဲဘဲ။

မင်းသခင်ခက်ထန်ဘက်ကအရင် ချမ်းဆောင်းဟန်ရဲ့ လက်ကလေးကို ကိုင်လိုက်ပြီး လက်ချောင်းလေးတွေနဲ့ပါ ယှက်လိုက်၏။

ထိုအခါ မင်းသခင်ခက်ထန်ရဲ့ လက်သွယ်သွယ်လေးတွေက ချမ်းဆောင်းဟန်ရဲ့ အကြောတွေ ယှက်ဖြာနေတဲ့ လက်ကြီးကြောင့် နွေးထွေးမှုတို့ကို ခံစားနေရသည်။ဒီလူရဲ့ အကြောတွေယှက်ဖြာပြီး ကြီးမားတဲ့ လက်ကြီးတွေကို သဘောကျသည်။

"ကိုကို လာ အခန်းပြန်ကြမယ်"

ချမ်းဆောင်းဟန် ပြန်ပြုံးပြလိုက်ကာ ထန်ထန့်လက်ကလေးကို ပို အားထည့်ပြီး ဆုပ်ကိုင်ရင်း ကြည်နူးနေမိသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now